နိုင်ငံရေးသမားမဟုတ်သဖြင့် ယူကရိန်းအရေး အများကြီးမမေးရန် ချဲလ်ဆီးနည်းပြ ပြော

နိုင်ငံရေးသမား မဟုတ်တဲ့အတွက် ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အများကြီး မေးခွန်းမမေးဖို့ ချဲလ်ဆီးနည်းပြ တူချယ်က သတင်းထောက်တွေကို တားမြစ်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင်ဖြစ်သူ အေဗရာမိုဗစ်ဟာ ရုရှားလူမျိုးဖြစ်တာကြောင့် အသင်းပိုင်ရှင်အကြောင်းနဲ့ ယူကရိန်း အရေးကိစ္စတွေအပေါ် မေးခွန်းထုတ်တာတွေကို လိုအပ်တာထက် ပိုမလုပ်ဖို့ နည်းပြတူချယ်က တိုက်တွန်းခဲ့တာပါ။
ယူကရိန်းအရေးကိစ္စ မေးမြန်းမှုအပေါ် စစ်ပွဲနဲ့ပတ်သက်ပြီး မခံစားဘူးပေမဲ့ ဆိုးရွားတယ်ဆိုတာကို သိကြောင်း နည်းပြတူချယ်က ပြောခဲ့ပေမယ့် ရုရှားအသင်းပိုင်ရှင်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ နိုင်ငံရေးသမားတဦး မဟုတ်လို့ အခုထက်ပိုပြီး မဖြေကြားနိုင်ကြောင်း ဂျာမန်နည်းပြက ပြောပါတယ်။
“ယူကရိန်းမှာဖြစ်နေတဲ့ စစ်ပွဲအကြောင်းပြောရရင် ကျနော်တို့က ဒီမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အခွင့်ထူးခံတဦးလို ဖြစ်နေလို့ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျနော်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်နေပြီး ယူကရိန်းအရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရပ်တန့်လိုက်ပါတော့။ ခင်ဗျားတို့အတွက် ကျနော့်မှာ အဖြေမရှိတော့ပါဘူး။”
ချဲလ်ဆီးအသင်းပိုင်ရှင်ဖြစ်သူ ရုရှားသူဌေး အေဗရာမိုဗစ်ဟာ ဗြိတိန်က အရေးယူမယ့် စီးပွားရေးလုပ်ငန်းရှင်တွေထဲက တဦးဖြစ်တာကြောင့် အသင်းကို ထိခိုက်မှု မရှိစေရေးအတွက် ပိုင်ဆိုင်မှုတွေကို ချဲလ်ဆီးပရဟိတဖောင်ဒေးရှင်းဆီ လွှဲအပ်ထားပါတယ်။