လုံခြုံရေးကောင်စီ၌ ယူကရိန်းအရေး အမေရိကန်တင်သွင်းသည့်ဆုံးဖြတ်ချက် ရုရှားက ဗီတိုဖြင့် ပယ်ချ

ယူကရိန်းနယ်မြေအစိတ်အပိုင်းတွေကို ရုရှားကသိမ်းပိုက်လိုက်တဲ့အပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်နဲ့ အယ်လ်ဘေးနီးယားတို့ တင်သွင်းထားတဲ့ ဆုံးဖြတ်ချက်ကို စက်တင်ဘာ ၃၀ ရက်မှာ ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချလိုက် ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ယူကရိန်းရဲ့ ပြောင်းလဲလာတဲ့ အခြေအနေကို အသိအမှတ်မပြုဖို့နဲ့ ရုရှားက သူ့တပ်တွေကို ရုပ်သိမ်းဖို့ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်ကို တင်သွင်းခဲ့တာပါ။
သောကြာနေ့ မွန်းလွဲပိုင်းက ပြုလုပ်တဲ့ လုံခြုံရေးကောင်စီရဲ့ လွှတ်တော်မှာ မဲခွဲရာမှာ အမေရိကန်နဲ့ ဗြိတိန်တို့ အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ပြီး တရုတ်၊ ဂါဘွန်၊ အိန္ဒိယနဲ့ ဘရာဇီးတို့က မဲမပေးဘဲ နေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ရုရှား တနိုင်ငံတည်းက ဆန့်ကျင်မဲ ပေးတာ ဖြစ်ပါတယ်။
မဲခွဲဆုံးဖြတ်မှု မူကြမ်းအရ ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၁ မဲနဲ့ ကြားနေမဲ ၄ မဲ ဖြစ်ကြောင်း၊ ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်တစ်ဦးရဲ့ ကန့်ကွက်မဲကြောင့် ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီးနဲ့ စက်တင်ဘာလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ နီကိုလက်စ် ဒီရေဗီးယားက ပြောကြားခဲ့ပါတယ်။
ဆုံးဖြတ်ချက် မအောင်မြင်ဘူး ဆိုရင် ယူကရိန်းကို ရုရှားရဲ့ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှုကို ရှုတ်ချဖို့ အများစု မဲခွဲဆုံးဖြတ်ခဲ့ကြတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို စဉ်းစားသုံးသပ်မယ်လို့ အချက်ပြခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းပိုင်နက် ၁၅ ရာခိုင်နှုန်းကို ယူကရိန်းပိုင်နက် နယ်မြေ ၄ ခုအပေါ် ရုရှားက အုပ်စိုးကြောင်း သောကြာနေ့ အစောပိုင်းက ကြေညာခဲ့ပြီး ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အကြီးမားဆုံး သိမ်းပိုက်မှုဖြစ်ပါတယ်။
ဒီလုပ်ရပ်ကို အနောက်နိုင်ငံတွေနဲ့ ရုရှားရဲ့ ရင်းနှီးတဲ့ မဟာမိတ် အများအပြားကတောင် အခိုင်အမာ ဆန့်ကျင်ထားပါတယ်။