ဘရိုက်တန်ပရိသတ်တွေ၏လှောင်ပြောင်မှုအပေါ် တုံ့ပြန်ရန်မရှိဟု ချဲလ်ဆီးနည်းပြပေါ်တာပြော

အသင်းဟောင်းဘရိုက်တန်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုအပေါ် တုံ့ပြန်ဖို့မရှိကြောင်း ချဲလ်ဆီး နည်းပြ ဂရေဟမ်ပေါ်တာကပြောပါတယ်။
နည်းပြပေါ်တာဟာ မနေ့ညက ကစားခဲ့တဲ့ အသင်းဟောင်းနဲ့ပွဲစဉ်မှာ ၄ ဂိုး ၁ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ရပြီး အသင်းဟောင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုကိုလည်းခံခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ဘရိုက်တန်ပရိသတ်တွေရဲ့ အော်ဟစ် လှောင်ပြောင်မှုတွေအပေါ် တုံ့ပြန်ဖို့မရှိကြောင်း၊ ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြသခွင့်ရှိကြောင်း၊ အသင်းဟောင်းမှာ အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ပြီးဖြစ်လို့ တောင်းပန်စရာမလိုအပ်သလို ဝမ်းနည်းစရာလည်းမရှိကြောင်း နည်းပြပေါ်တာကပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ တိုးတက်နေဆဲအသင်းတစ်သင်းသာဖြစ်လို့ ရှုံးနိမ့်ခဲ့ရတာဟာလည်း ပိုကောင်းတဲ့ရလဒ်ဖြစ်စေဖို့ ဖြစ်တယ်လို့ နည်းပြ ဂရေဟမ်ပေါ်တာက ပြောသွားပါတယ်။