၂၀၂၂ ကမ္ဘာ့ဖလားဟာ သူ့အတွက်နောက်ဆုံးပြိုင်ပွဲဖြစ်နိုင်ဟု ဒီဘရိုင်း ပြော

လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားဟာ သူ့အတွက်နောက်ဆုံးပြိုင်ပွဲဖြစ်နိုင်ကြောင်း ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဒီဘရိုင်းကပြောပါတယ်။
အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဒီဘရိုင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အသက် ၃၅ နှစ်အရွယ်ဖြစ်နေမှာဖြစ်ပြီး လာမယ့် ၄ နှစ်အတွင်း အခြေအနေတွေဟာပြောင်းလဲသွားနိုင်ကြောင်း ဒီဘရိုင်းကပြောပါတယ်။
ဒီဘရိုင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အထိ တက်ရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက တတိယဆုရရှိအောင်စွမ်းဆောင် နိုင်ခဲ့သူပါ။
၂၀၂၂ ကမ္ဘာ့ဖလားဟာ ထူးခြားပြီး သားသမီးသုံးယောက်စလုံးက ကမ္ဘာ့ဖလားကို လိုက်ပါအားပေးမှာ ဖြစ်ကြောင်း၊ တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စိတ်လှုပ်ရှားမိကြောင်း ဒီဘရိုင်းက ပြောပါတယ်။
ဘယ်လ်ဂျီယံဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကနေဒါနဲ့စတင် ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက် ၂ ရက်သာခြားကာ မော်ရိုကိုနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်လို့ ပွဲကျပ်နေတဲ့အခြေအနေဖြစ်ကြောင်းလည်း ဒီဘရိုင်းကပြောပါတယ်။