close

ယူရိုပါလိဂ်တွင် အုပ်စုဒုတိယရခဲ့တဲ့ မန်ယူ ပလေးအော့ဖ် ကစားရမည်

ယူရိုပါလိဂ်မှာ အုပ်စုဒုတိယပဲရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပလေးအော့ဖ်အဆင့်မှာ အသင်းကြီးတွေနဲ့ တွေ့ဆုံနိုင်လို့ ပွဲကျပ်ဖို့ရှိပါတယ်။

ဒီမနက်အစောပိုင်းက  စပိန်မြေမှာကစားခဲ့တဲ့ ဆိုစီဒက်နဲ့ပွဲစဉ်မှာ မန်ယူအသင်းဟာ  ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနေရာမှာပဲ ရပ်တည်ခဲ့တာပါ။

အခုနှစ်ယူရိုပါလိဂ်ပြိုင်ပွဲမှာ အုပ်စု ပထမအသင်းတွေကပဲ ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့်ရတာပါ။

အုပ်စုဒုတိယအသင်းတွေကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တတိယနေရာပဲရခဲ့လို့ ထွက်ခွာခဲ့ရတဲ့အသင်းတွေနဲ့ ပလေးအော့ဖ်ဆက်ကစားရမှာပါ။

ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရတဲ့အသင်းတွေထဲမှာ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ဆီဗီလာ၊ လီဗာကူဆင်၊ အိုင်းယက်စ်၊ စပို့တင်းလစ္စဘွန်း၊ ဆဲလ်ဘက်နဲ့ ရှက်တာဒိုးနက်အသင်းတွေပါဝင်ပြီး မန်ယူအသင်းက အဲဒီအသင်းတွေထဲကတစ်သင်းနဲ့ တွေ့ဆုံရမှာပါ။

ပလေးအော့အဆင့်ပွဲစဉ်တွေကို လာမယ့်ဖေဖော်ဝါရီလအတွင်းမှာ နှစ်ကျော့ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းတွေက ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို ဆက်လက်ကစားခွင့်ရမှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up