ဂိုးသမားဒီဂီယာကို ရောင်းချဖြစ်ပါက အူနိုင်းဆီမွန်နှင့်ကော်စတာတို့ကိုခေါ်ရန် မန်ယူပစ်မှတ်ထား

မန်ယူအသင်းဟာ ဂိုးသမားဒီဂီယာကို ရောင်းချဖြစ်မယ်ဆိုရင် စပိန်ဂိုးသမား အူနိုင်းဆီမွန်နဲ့ ပေါ်တူဂီဂိုးသမား ဒီယေဂိုကော်စတာတို့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
စပိန်ဂိုးသမား ဒီဂီယာဟာ အခုနှစ်ရာသီအကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။ မန်ယူအသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ လက်ရှိလုပ်ခလစာ အတိုင်းခံစားခွင့်ပေးမှာမဟုတ်ဘဲ လုပ်ခလျှော့ချပြီး ကမ်းလှမ်းမှာပါ။
ဒီဂီယာဟာ တစ်ပတ်လုပ်ခပေါင် ၃၇၅၀၀၀ ရရှိနေပြီး စာချုပ်သစ်မှာတော့ လုပ်ခလျှော့ချသွားမယ်လို့ The Athletic သတင်းမှာဖော်ပြပါတယ်။
အဆင်မပြေခဲ့ရင်တော့ လာလီဂါကလပ် ဘီလ်ဘာအိုအသင်းက စပိန်လက်ရွေးစင် ဂိုးသမား အူနိုင်းဆီမွန်နဲ့ ပေါ်တိုဂိုးသမား ကော်စတာတို့ကို ကမ်းလှမ်းသွားဖို့ ပစ်မှတ်ထားနေပါတယ်။
နည်းပြအဲရစ်တန်ဟတ်ဂ်ဟာလည်း ဂိုးသမားဒီဂီယာရဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ်အားရမှု မရှိတာကြောင့် ဂိုးသမားသစ်တစ်ဦး အပြောင်းအလဲလုပ်လိုတယ်လို့သိရပါတယ်။