close

လွိုင်ကော်-မော်ချီးလမ်းပိုင်းကို တပတ် ၃ ရက်သာ ဖြတ်သန်းခွင့်ပေးမည်ဟု KNDF ထုတ်ပြန်

ကယား(ကရင်နီ) ပြည်နယ်  လွိုင်ကော် - မော်ချီးလမ်းပိုင်းက ဂိတ် ၃ ဂိတ်နဲ့ ပြည်သူတွေကို တပတ်မှာ ၃ ရက်သာ ဖြတ်သန်းသွားလာခွင့်ပေးမယ်လို့  ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀ က နိုဝင်ဘာ ၄ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ 

လွိုင်ကော် -မော်ချီးလမ်းပိုင်းကို တနင်္လာနေ့ ၊ အင်္ဂါနေ့ နဲ့ ဗုဒ္ဓဟူးနေ့တွေ မနက် ၆ နာရီမှ ညနေ ၅ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပြီး သတ်မှတ်အချိန်ထက်ကျော်လွန်ပါက အာမခံချက် မပေးနိုင်ဘူးလို့ ဆိုပါတယ်။

ယာဉ်ကြီးတွေက Canter (၁၄ ) ပေ နဲ့ ဒန်ဘာ ၃ ကျင်း ကားတွေသာ လမ်းပိုင်းအသုံးပြုခွင့်ရမှာ ဖြစ်ပြီး ပြည်နယ်ပြင်ပမှ ရွှေ့ပြောင်းအလုပ်သားတွေနဲ့ ဆိုင်ကယ်ကုန်စိမ်းရောင်သေတွေကို လုံးဝ ဝင်ရောက်ခွင့်ပြုမှာ မဟုတ်သလို တားမြစ်ထားတဲ့ ဘိလပ်မြေ၊ သံတိုသံစ၊ အိမ်ဆောက်ပစ္စည်းတွေအပါအဝင် တားမြစ်ကန့်သတ်ပစ္စည်းသယ်ဆောင်လာတဲ့ ကားတွေကို သိမ်းဆည်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် နွား၊ ဝက် သယ်ဆောင်လာတဲ့ကားတွေကိုလည်း လမ်းပိတ်ရက်တွေမှာ ဖြတ်သန်း သယ်ဆောင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကရင်နီပြည်ထဲရေးဝန်ကြီးဌာန၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ဗဟိုကော်မတီ နဲ့ ကရင်နီရဲဌာန KSP တို့ရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သိရပါတယ်။

Tags
KNDF

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up