ဒဏ်ရာရထားသော်လည်း မက်ဆီ ကမ္ဘာ့ဖလားအမီ ပြန်ကစားနိုင်မည်

အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး မက်ဆီဟာ ဖနောင့်ကြောဒဏ်ရာရနေပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအမီပြန်လည် ကစားနိုင်မယ်လို့ သိရပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ပွဲစဉ်မှာ ပွဲချိန်ပြည့် ကစာခဲ့ပေမဲ့ ဖနောင့်ကြောမှာ ယောင်နေတာကြောင့် အခုတပတ်ကစားမယ့် ပြင်သစ်လီဂူးဝမ်း ပွဲစဉ်ကို လွဲချော်မှာပါ။
ဒါပေမဲ့ အသေးစား ဒဏ်ရာသာဖြစ်လို့ နောက်တစ်ပတ်မှာ ပြန်ကစားနိုင်မှာဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကိုလည်း ဆက်လက်ယှဉ်ပြိုင်နိုင်မှာဖြစ်ကြောင်း ပီအက်စ်ဂျီ အသင်းဘက်က ထုတ်ပြန်ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီနဲ့ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၁၂ ဂိုးသွင်းပြီး ၁၄ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်နိုဝင်ဘာ ၂၀ ရက်မှာ စတင်မှာဖြစ်ပြီး မက်ဆီဦးဆောင်မယ့် အာဂျင်တီးနားအသင်းက မက္ကဆီကို၊ ပိုလန်၊ ဆော်ဒီ အသင်းတွေနဲ့ အုပ်စု C မှာ တွေ့ဆုံနေတာ ဖြစ်ပါတယ်။