close

လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် သီရိလင်္ကာခရစ်ကတ်ကစားသမား ဆစ်ဒနီတွင် ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် T20 ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သီရိလင်္ကာအသင်းက အဖွဲ့ဝင် ဒါနွတ်ရှ်ကာ ဂူနာထီလာကာကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ဆစ်ဒနီမှာ ဖမ်းလိုက်တယ်လို့ သီရိလင်္ကာ ခရစ်ကတ် အာဏာပိုင်တွေက နိုဝင်ဘာ ၆ ရက်မှာ ပြောလိုက်ပါတယ်။

ဂူနာထီလာကာဟာ နိုဝင်ဘာ ၆ ရက်မှာ တရားရုံးမှာ စွဲချက်တင်ခံရမယ်လို့ သီရိလင်္ကာ ခရစ်ကက် အသင်းက ပြောပါတယ်။

အသင်းဟာ တရားရုံးရဲ့ တရားစွဲဆိုမှုတွေကို အနီးကပ်စောင့်ကြည့်မှာဖြစ်ပြီး နိုင်ငံတကာ ခရစ်ကတ်ကောင်စီနဲ့ ညှိနှိုင်းရင်း ဒီကိစ္စနဲ့ပတ်သက်ပြီး စတင် စုံစမ်းစစ်ဆေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်အရ သဘောတူညီချက်မပါဘဲ လိင်ဆက်ဆံမှု လေးမှုနဲ့ ဆစ်ဒနီမြို့က ဟိုတယ်တခုမှာ သီရိလင်္ကာ အမျိုးသားတဦးကို နိုဝင်ဘာ ၆ ရက် မနက် ၁ နာရီ မတိုင်မီ က ဖမ်းဆီးခဲ့တယ်လို့ ဩစတြေးလျရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိတဲ့ ကစားသမားဟာ သြစတြေးလျနိုင်ငံမှာ နမီးဘီးယားအသင်း နဲ့ ပထမအကျော့ ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပေမယ့် တံကောက်ကြော ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား လက်ကျန်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရဖူးပါတယ်။

သီရိလင်္ကာအသင်းဟာ ကမ္ဘာ့ဖလာေပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတာပါ။ နိုဝင်ဘာ ၅ ရက် ညက ယှဉ်ပြိုင်ကစား ခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ အင်္ဂလန် အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up