ယူကရိန်းစွမ်းအင်အဆောက်အအုံများကို ချေမှုန်းရန် ရုရှားပြင်ဆင်နေဟု ဇလန်းစကီး ပြော

ယူကရိန်းအရှေ့ပိုင်း ဒန်ညက်စ်ဒေသမှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေလို့ ရုရှားဟာ ဆုံးရှုံးမှုကြီးကြီးမားမား ခံစားနေရပြီး ယူကရိန်း စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ချေမှုန်းဖို့ ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။
“ရန်သူဟာ အဲဒီနေရာမှာ ဆိုးဆိုးရွားရွား ဆုံးရှုံးနေပါတယ်” လို့ ဇလန်းစကီးက ညစဉ်ပြောတဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
“ရုရှားဟာ ပထမအချီမှာ ကျနော်တို့ရဲ့ အခြေခံအဆောက်အအုံ၊ စွမ်းအင်အပေါ် အစုလိုက် အပြုံလိုက် တိုက်ခိုက်နိုင်ချေရှိတဲ့ တပ်ဖွဲ့တွေကို အာရုံစိုက်နေပြီး နည်းလမ်းတွေကိုလည်း ရုရှားက အာရုံစိုက်နေတာ ယုံကြည်တယ်” လို့ ဇလန်းစကီးက ပြောပါတယ်။
Donetsk မြို့ကို ရုရှားကျောထောက်နောက်ခံပြု ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံက ၂၀၁၄ ခုနှစ်ကတည်းက ထိန်းချုပ်ထားတာပါ။ ရုရှားဟာ ရာစုနှစ်တဝက်အတွင်း ရုရှားနယ်မြေ အကြီးမားဆုံး ချဲ့ထွင်မှုမှာ ယူကရိန်းရဲ့ ဒန်ညက်စ်၊ လူဟန့်စ်၊ ခါဆွန်နဲ့ ဇာပိုရစ်ချ်ဇီယာ ဒေသတွေကို သိမ်းပိုက်ဖို့ စက်တင်ဘာလမှာ တပ်တွေကို ပြောင်းခဲ့ပါတယ်။
ယူကရိန်းဆီက သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ လူထုဆန္ဒခံယူပွဲတွေ ကျင်းပပြီးတဲ့နောက် ရုရှားအစိုးရက သိမ်းပိုက်မှုတွေကို ကြေညာခဲ့ပါတယ်။
အနောက်နိုင်ငံအစိုးရတွေနဲ့ ယူကရိန်းအစိုးရတို့က ဒီမဲတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး အကျပ်ကိုင်ထားခဲ့လို့ ကိုယ်စားမပြုဘူးလို့ ပြောခဲ့ကြပါတယ်။
Edit No: 7352