close

ကျောက်ဆည် ဘိလပ်မြေစက်ရုံ၌ စကားများရန်ဖြစ်ပြီး တရုတ်နိုင်ငံသားက မြန်မာအလုပ်သမားကို ဓားဖြင့်ထိုးသတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် စက်မှုဇုန်နယ်မြေရှိ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းမှာ နိုဝင်ဘာ ၇ ရက် ဒီနေ့ မနက် ၁ နာရီက စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်ခဲ့ပါတယ်။

စက်ရုံအလုပ်သမားခေါင်းဆောင် တရုတ်နိုင်ငံသား  QIU JIAZHENGနဲ့ ကျောက်မိုင်းခွဲအလုပ်သမား ကိုဇော်နိုင်ထွန်းတို့ဟာ တခြားဝန်ထမ်းတွေနဲ့အတူ အရက်အတူသောက်နေစဉ် စကားများရန်ဖြစ်ကြရာကနေ ကိုဇော်နိုင်ထွန်းက တရုတ်နိုင်ငံသားကို လက်သီးနဲ့ ထိုးခဲ့တယ်လို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။

အဲ့ဒီနောက် QIU JIAZHENG ဟာ မီးဖိုခန်းအတွင်းရှိ ဓားဦးချွန်ကို ယူဆောင်လာပြီး ကိုဇော်နိုင်ထွန်းရဲ့ ဘယ်ဘက်ရင်အုံနဲ့ ဗိုက်ကို ဓားနဲ့ထိုးခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။

ကိုဇော်နိုင်ဟာ ကျောက်ဆည်မြို့နယ်ဆေးရုံမှာတက်ရောက်ဆေးကုသမှုခံယူနေစဉ် မနက် ၄ နာရီလောက်မှာ သေဆုံးခဲ့တာကြောင့် ပြစ်မှုကျူးလွန်သူ QIU JIAZHENG ကို ကျောက်ဆည်မြို့မရဲစခန်းက  ဥပဒေအရအရေးယူဖို့ ဖမ်းဆီးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up