close

ချန်ပီယံလိဂ်ရှုံးထွက်တွင် ရီးရဲလ်နှင့် လီဗာပူး၊ ယူရိုပါလိဂ် ပလေးအော့ဖ်တွင် ဘာစီလိုနာနှင့် မန်ယူ ထိပ်တိုက်တွေ့

ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေအတွက် ဆွစ်ဇာလန်နိုင်ငံမှာ မနေ့က မဲခွဲရာ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်က လီဗာပူးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

ဒီနှစ်သင်းဟာ မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆုံတွေ့ထာပြီး ရီးရဲလ်မက်ဒရစ်က ၁ ဂိုး ဂိုးမရှိနဲ့ လီဗာပူးကို အနိုင်ယူထားပါတယ်။

ရီးရဲလ်နဲ့ လီဗာပူးတို့ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၆ ရာသီအတွင်း ၄ ကြိမ်ဆုံခဲ့ပြီး ဗိုလ်လုပွဲက ၂ ကြိမ် ပါဝင်ပါတယ်။ အဲဒီဗိုလ်လုပွဲ ၂ ပွဲစလုံးမှာ ရီးရဲလ်က အနိုင်ယူထားပါတယ်။

ရှုံးထွက်ပွဲစဉ်မှာ နာမည်ကြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီက ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးက ဒေါ့မွန်၊ တော့တင်ဟမ်ဟော့စပါးက အေစီမီလန်၊ အင်တာမီလန်က ပေါ်တို၊ ကလပ်ဘရုဂေးက ဘင်ဖီကာ၊ နာပိုလီက ဖရန့်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ချန်ပီယံလိဂ်ရှုံးထွက် ပထမအကျော့ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မနေ့ကပဲ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ဖ်ပွဲစဉ်တွေအတွက် မဲခွဲခဲ့ရာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့ ဘာစီလိုနာနဲ့ နာမည်ကြီး မန်ချက်စတာယူနိုက်တက်တို့ တွေ့ဆုံနေပါတယ်။

ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်တွေအတွက် အုပ်စုဗိုလ်နေရာရခဲ့တဲ့ အသင်း ၈ သင်းက ရှုံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်တာဖြစ်ပြီး အုပ်စု ဒုတိယရတဲ့ အသင်း ၈ သင်းကတော့ ချန်ပီယံလိဂ်ကနေ အုပ်စုတတိယရတဲ့ အသင်း ၈ သင်းနဲ့ ပလေးအော့ဖ်ပွဲစဉ် ယှဉ်ပြိုင်ရဖို့ရှိရာမှာ အနိုင်ရတဲ့အသင်းတွေသာ ရှုံးထွက်အဆင့် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ဖ်အဆင့် တခြားပွဲစဉ်တွေအဖြစ် ဂျူဗင်တပ်နဲ့ နန့်စ်၊ စပို့တင်းလစ္စဘွန်းနဲ့ မစ်ဂျေးလန်း၊ ရှက်တာဒိုးနက်နဲ့ ရန်းစ်၊ အေဂျက်နဲ့ အူယွန်းဘာလင်၊ လေဗာကူဆင်နဲ့ မိုနာကို၊ ဆီဗီလာနဲ့ ပီအက်စ်ဗွီ၊ ‌ဆဲလ်ဇ်ဘာ့ဂ်နဲ့ ရိုးမားတို့ တွေ့ဆုံနေပါတယ်။

ပလေးအော့ဖ်အဆင့် ပထမအကျော့ပွဲစဉ်တွေကို လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့နဲ့ ဒုတိယအကျော့ပွဲစဉ်တွေကို ၂၀၂၃ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up