close

ဗြိတိန်ဘုရင် ချားလ်စ်နှင့် မိဖုရားတို့ ကြက်ဥဖြင့် ပစ်ပေါက်ခံရ

အင်္ဂလန်မြောက်ပိုင်းမှာ တော်ဝင်အခမ်းအနား ကျင်းပနေတဲ့ ဗြိတိန်ဘုရင် ချားလ်စ်နဲ့  ကြင်ယာတော်မိဖုရား ကမီလာတို့ဆီကို ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ အမျိုးသားတယောက်ကို နိုဝင်ဘာ ၉ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ယော့ခ်မှာကျင်းပတဲ့ ရိုးရာအခမ်းအနားကို ရောက်ရှိလာချိန် ဗြိတိန်ဘုရင်နဲ့ မိဖုရားဆီ ကြက်ဥ ၄ လုံးက ပျံဝဲကျော်လွန်သွားပြီး မြေကြီးပေါ် ကျကွဲသွားတာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် သူတို့ဟာ လှုပ်လှုပ်ရှားရှားဖြစ်ပုံမရဘဲ အခမ်းအနားကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ရဲအရာရှိတွေက ကြွေးကြော်သံတွေ အော်ဟစ်နေတဲ့ ဆန္ဒပြသူတယောက်ကို အမြန်ဆွဲထုတ်သွားပါတယ်။

လူအုပ်ထဲက တခြားသူတွေက သူ့ကို လှောင်ပြောင်ပြီး ဘုရားသခင်က ရှင်ဘုရင်ကို ကယ်တင်လိုက်ပြီလို့ ကြွေးကြော်ခဲ့ကြပါတယ်။

မယ်တော် အဲလိဇဘက်ဘုရင်မကြီး ကွယ်လွန်ပြီးနောက် စက်တင်ဘာလမှာ ထီးနန်း ဆက်ခံလာခဲ့တဲ့ ချားလ်စ်ဟာ အင်္ဂလန်မြောက်ပိုင်းကို ၂ ရက်ကြာ ခရီးလှည့်လည်နေတာပါ။

၂၀၂၂ ခုနှစ်က ဘုရင်မကြီးဟာ အင်္ဂလန်အလယ်ပိုင်း နော့တင်ဟမ်ကို သွားရောက်ချိန်မှာ အဲလိဇဘက်ရဲ့ တော်ဝင်ကားကို ကြက်ဥတွေ ပစ်ပေါက်ခံခဲ့ရဖူးပြီး ၁၉၉၅ ခုနှစ်က ဒပ်ဘလင်မြို့လယ်မှာ လမ်းလျှောက်နေတုန်း ဗြိတိန်ဆန့်ကျင်ရေးသမားတွေက ချားလ်စ်ကို ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up