close

ရာသီဥတုဆိုင်ရာတရားမျှတမှုအတွက် COP27 ညီလာခံ၌ နန်စီပေလိုစီ အလေးပေးပြောကြား

အီဂျစ်နိုင်ငံမှာ နိုဝင်ဘာ ၁၁ရက်က ကျင်းပတဲ့ ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ အမေရိကန် ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရာသီဥတုဆိုင်ရာ တရားမျှတမှုအတွက် သူတို့ရဲ့ကတိကဝတ်တွေကို အလေးပေး ပြောကြားခဲ့ပါတယ်။ 

ဒီ COP27 အစည်းအဝေးဟာ ကလေးတွေအတွက် ကမ္ဘာမြေကို ကယ်တင်ဖို့ အလေးအနက် ထားတယ်ဆိုတာကို သံသယအားလုံး ရှင်းစေဖို့အတွက် ဖြတ်ကျော်ရမယ့် အဆင့်နေရာတခုဖြစ်ဖို့ မျှော်လင့်ကြောင်း အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီက ပြောပါတယ်။

ရာသီဥတုအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ သဘာဝပတ်ဝန်းကျင်ပိုင်း တရားမျှတမှု၊ စီးပွားရေးပိုင်း တရားမျှတမှုနဲ့ လူမှုရေးပိုင်း တရားမျှတမှု ပြဿနာတွေကို ကြုံတွေ့နေရတာဖြစ် ကြောင်း နန်စီပေလိုစီက ပြောပါတယ်။ 

အမေရိကန်ပြည်ထောင်စုဟာ ရာသီဥတု အပြောင်းအလဲရဲ့ သက်ရောက်မှုတွေကို တိုက်ဖျက်ရာမှာ နိုင်ငံတွေကို အထူးသဖြင့် အာဖရိကရှိ နိုင်ငံတွေကို ကူညီဖို့အတွက် ဘယ်အရင်းအမြစ်ကိုမဆို အသုံးချသွားမှာဖြစ်ကြောင်းလည်း  နန်စီပေလိုစီက မီဒီယာတွေကို မိန့်ခွန်းပြောရာမှာ  ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရာသီဥတု ပြောင်းလဲမှု ဒဏ်ကို လိုက်လျောညီထွေ ဖြစ်အောင် ကူညီပေးဖို့အတွက် ရန်ပုံငွေ နှစ်ဆ တိုးပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ 

သမ္မတဘိုင်ဒန် ဟာ ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ ဆိုလာ-နေစွမ်းအင်သုံးနဲ့ လေစွမ်းအင်သုံး ကားတွေနဲ့ လျှပ်စစ်ကားတွေအတွက် ဒေါ်လာဘီလီယံနဲ့ချီတဲ့ ထောက်ပံ့ကြေးတွေ ပါ၀င်တဲ့ ဥပဒေကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ပေလိုစီက ထောက်ပြခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up