close

က‌လေးမြို့၌ အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးရန် စစ်ကောင်စီ အမိန့်ထုတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နိုဝင်ဘာ ၁၂ ရက်ကစပြီး အမျိုးသား နှစ်ယောက် ဆိုင်ကယ် အတူမစီးရ၊ ဆိုင်ကယ်စီးရင်း ဖုန်းမပြောရအမိန့် စစ်ကောင်စီက ထုတ်ပြန်လိုက်ပြီး မနေ့ညက မြို့တွင်းမှာ သံချဲ့စက်နဲ့ လှည့်လည်ကြေညာသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့အတွင်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ဒေသခံစစ်ကောင်စီသတင်းပေးတွေ မကြာခဏပစ်ခတ်ရှင်းလင်းခံနေရတာကြောင့် စစ်ကောင်စီဘက်က အခုလိုထုတ်ပြန်လာတာဖြစ်နိုင်တယ်လို့ ကလေးမြို့ခံ တဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက် ညနေက အလုပ်ကပြန်လာတဲ့ အမျိုးသား  နှစ်ယောက်ကို  စစ်ကောင်စီ တပ်သားတွေက နောက်ရက်တွေမှာ  အမျိုးသား နှစ်ယောက် ဆိုင်ကယ်အတူမစီးကြဖို့နဲ့ အတူစီးတာတွေရင် ဒါမှမဟုတ် စစ်ကောင်စီဂိတ်တွေကို ဖြတ်ရင်  ပစ်ခတ်မယ်လို့ သတိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ကလေးမြို့ခံအမျိုးသမီး တဦးက"သူတို့ဘက်ကအထိနာလို့ ပြည်သူတွေကို အခုလိုတင်းကျပ်နေတာ။ တအိမ်လုံးမှာ ဆိုင်ကယ်တစ်စီးပဲရှိတာ။  သားနှစ်ယောက် သင်တန်းသွားရင် အတူစီးခိုင်းရတာ။ အခုတော့ဘယ်လို လုပ်ရမလဲ”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက မော်တော်ဆိုင်ကယ် စီးရာမှာ အမျိုးသား နှစ်ယောက်၊ အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်စီးနင်းတာ မလုပ်ဖို့ အပါအဝင် အချက် ၆ ချက်ပါ ဒေသန္တရအမိန့်ထုတ်ပြန်ပြီး နေ့ချင်းမှာပဲ အမိန့် ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up