close

မြန်မာ့အရေး ပျက်ကွက်ခဲ့ဟု နိုင်ငံတကာအသိုက်အဝန်းကို ဂူတာရက်စ် အပြစ်တင်

နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာနိုင်ငံအရေးကို ပျက်ကွက်ခဲ့တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၁၂ ရက်က ပြောကြားခဲ့ပါတယ်။ 

“ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပျက်ကွက်ခဲ့တဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ တစိတ်တပိုင်းပဲဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေရဲ့ ဆင်းရဲဒုက္ခ အလွန်ကြီးမားပါတယ်”လို့ ဂူတာရက်စ်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး တက်ရောက်လာခြင်းကို အဆုံးသတ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောသွားတာပါ။ 

“မြန်မာနိုင်ငံနဲ့စပ်လျဉ်းပြီး အင်ဒိုနီးရှားအစိုးရနဲ့ အလွန်ကို နီးနီးကပ်ကပ် ကျွန်ုပ်တို့အတူ ကော်ပိုရေးရှင်းတွေ လုပ်ဆောင်ခဲ့တဲ့ အင်ဒိုနီးရှားသမ္မတရုံးကို ယုံကြည်ထားပါတယ်” လို့ ဂူတားရက်စ်က ပြောပါတယ်။ 

အင်ဒိုနီးရှားအစိုးရအနေနဲ့ ဒီအစီအစဉ်ကို အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ တင်ပြနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေကို လွတ်လွတ်လပ်လပ် လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ သူပြောထားသလို အခြေအနေကိုထူထောင်ဖို့ ဖန်တီးနိုင်ရေးအတွက် သူ့ရဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်ဟာလည်း အာဆီယံသံတမန်နဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up