close

တမူး-မိုးရေးနယ်စပ်ဂိတ်ကို ၃ လပိတ်မည်

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့  အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၊ မိုးရေးမြို့အကြား  နှစ်နိုင်ငံ နယ်စပ်ဂိတ်ကို နိုဝင်ဘာ ၁၅ ရက်က စပြီး ၃ လ ကြာပိတ်မယ်လို့ မဏိပူရပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။

တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားအရေအတွက် တိုးမြှင့်လာတာကြောင့် နယ်စပ်ကို ပိတ်လိုက်တာလို့ မဏိပူရပြည်နယ်အစိုးရက ဆိုပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံပီသစွာ မြန်မာနိုင်ငံက စစ်ဘေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို လက်ခံကူညီသင့်သလို နယ်စပ်ဂိတ်ကို ပိတ်လိုက်တာကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးထိခိုက်နိုင်တယ်လို့ တမူး PDF  တာဝန်ခံက ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်တလျှောက် လွတ်လပ်စွာသွားလာခွင့်သဘောတူညီချက်(FMR)ကြောင့် အနာဂတ်ကာလမှာ အိန္ဒိယနိုင်ငံကို တရားမဝင် ဝင်လာနိုင်တဲ့ မြန်မာနိုင်ငံသား အရေအတွက် တိုးမြှင့်လာနိုင်တာကြောင့် အခုလို ပိတ်လိုက်တာဖြစ်ပြီး    နှစ်ဘက် တရားဝင် ပြန်မဖွင့်မချင်း ကန့်သတ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up