ပူတင်နောက်လိုက် အာဏာရှင်များကို စောင့်ကြည့်နေဟု အမေရိကန်ပြော

ယူကရိန်းနိုင်ငံရဲ့ ကိုယ်ပိုင်အနာဂတ်ကို လုံခြုံအောင် မကူညီနိုင်ခဲ့ရင် ကမ္ဘာ့အာဏာရှင်နဲ့ ဝရုန်းသုန်းကား ကမ္ဘာကြီးဆီ ဦးတည် သွားနိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က နိုဝင်ဘာ ၁၉ ရက်နေ့ မိန့်ခွန်းမှာ ပြောပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအတွက် စစ်ပွဲတွေထဲမှာ လောင်းကြေး ထပ်ထားဖို့လည်း ကြိုးပမ်း ခဲ့ပါတယ်။
ကနေဒါနိုင်ငံက လုံခြုံရေးဖိုရမ်တစ်ခုတွင် ပြောခဲ့တဲ့ အော်စတင်ရဲ့ မှတ်ချက်တွေဟာ ရုရှားရဲ့ ကိုးလ နီးပါးကြာ ကျူးကျော်ဝင်ရောက်မှုအပေါ် ဒီနေ့အထိ သြဇာအရှိဆုံး မှတ်ချက်တွေထဲက တချို့လည်း ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားပြန့်ပွားမှုအန္တရာယ်တွေကိုလည်း သူက သတိပေးခဲ့ပါတယ်။ ပူတင်ရဲ့ နောက်လိုက် အာဏာရှင်တွေကို စောင့်ကြည့်နေကြောင်း၊ ပြီးတော့ နျူကလီးယား လက်နက်ကိုင်ထားတာက သူတို့ကို ကိုယ်ပိုင် အမဲလိုက်ခွင့်လိုင်စင် ပေးထားသလို ဖြစ်နေပြီး အန္တရာယ်ရှိတဲ့ နျူကလီးယားပြန့်ပွားမှုကို တွန်းအားပေးနိုင်တယ်လို့ အော်စတင်က ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပြီးခဲ့တဲ့တနင်္လာက တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ ရုရှားလိုပဲ တရုတ်အစိုးရဟာလည်း မှန်ကန်တဲ့ ကမ္ဘာကို ရှာနေတယ်လို့ အော်စတင်က ပြောပါတယ်။
တရုတ်လေယာဉ်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်နားကို နေ့စဉ်နီးပါး စံချိန်တင် ပျံသန်းနေပြီး အမေရိကန်နဲ့ မဟာမိတ်တပ်တွေက ပင်လယ်ပြင် ဒါမှမဟုတ် ကောင်းကင်မှာ တရုတ်တို့ရဲ့ အန္တရာယ်ရှိတဲ့ ကြားဖြတ် ပျံသန်းတဲ့ အရေအတွက် တိုးလာနေတယ်လို့ အော်စတင် က ပြောခဲ့ပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ လာရောက်လည်ပတ်ပြီးတဲ့နောက် သြဂုတ်လ အတွင်းက ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းနားမှာ တရုတ်က စစ်စွမ်းရည် ပြသခဲ့လို့ ထိုင်ဝမ်နဲ့ တရုတ် အစိုးရ ၂ရပ်ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။