close

ဟန်ဂေရီနယ်စပ်ရှိ ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ ကို ဆာဘီးယားရဲများ လုံခြုံရေးပေး

ဆာဘီးယားမြို့တမြို့မှာ လူ ၁ ယောက် သေနတ်ပစ်သတ်ခံရပြီးနောက်မှာ ဟန်ဂေရီနယ်စပ်အနီးရှိ ယာယီတဲစခန်းကနေ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၆၀၀ ကျော်ကို ဆာဘီးယား ရဲတွေက နိုဝင်ဘာ ၂၅ ရက်မှာ လုံခြုံရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

သူတို့ပိုင်ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ ရွှေ့ပြောင်းအခြေချသူ အုပ်စုတွေကို လက်နက်ကိုင် ရဲတွေက ဘတ်စ်ကားတွေပေါ်ကို တက်ခိုင်းပြီး ရွှေ့ပြောင်းနေထိုင်သူတွေအတွက် တရားဝင် ခိုလှုံရေးစခန်းကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဒီပစ်ခတ်မှုဟာ ဆားဘီးယားနိုင်ငံမြောက်ပိုင်း Horgos မြို့မှာ ဖြစ်ပွားခဲ့တာလို့ ရဲတွေက ပြောပါတယ်။ 

လမ်းပေါ်က ရွှေ့ပြောင်းနေထိုင်သူတွေ အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။ 

ရဲစစ်ဆင်ရေးတပ်ဖွဲ့ဟာ နောက်ဆုံးမှာတော့ လက်နက်တွေနဲ့ ပစ်ခတ်မှုတွေမှာ ပါဝင်ပတ်သက်သူ တွေအပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဘရက်တစ်စ်လဗ် ဂါဆစ်ကို ကိုးကားပြီး သီးခြားထုတ်ပြန်ချက်တခုမှာ ဝန်ကြီးဌာနက ပြောကြားပါတယ်။ 

တူရကီ၊ ဘူလ်ဂေးရီးယား၊ မြောက်မက်ဆီဒိုးနီးယားနဲ့ ဆားဘီးယားတို့ကိုဖြတ်ပြီး အနောက်ဘော်လကန် လမ်းကြောင်းဟာ ဥရောပသမဂ္ဂကိုသွားတဲ့ အဓိက ရွှေ့ပြောင်းသွားလာရာ လမ်းကြောင်းအဖြစ် ဆက်ရှိနေတယ်လို့ နယ်စပ်အေဂျင်စီ Frontex က စက်တင်ဘာလမှာ ပြောကြားခဲ့ပါတယ်။ 

ရွှေ့ပြောင်းနေထိုင်သူ အများအပြားဟာ တစ်ခါတစ်ရံ လက်နက်ကိုင်ဆောင်ထားတဲ့ မှောင်ခိုသမား တွေရဲ့ ရှုပ်ထွေးတဲ့ ကွန်ရက်တွေကို သုံးပြီး နယ်စပ်ဖြတ်ကျော်နေကြတာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up