close

ဥရောပတွင် ရေခန်းခြောက်မှုကြောင့် ရှေးဟောင်းအမွေအနှစ်များ ပြန်ပေါ်ထွက်လာ

ဥရောပနိုင်ငံတချို့မှာ လတ်တလော သီတင်းပတ်တွေအတွင်း မိုးခေါင်ရေရှား ရေခန်းခြောက်မှုဖြစ်လို့ နှစ်ပေါင်းများစွာ ရေမြုပ်နေတဲ့  အဖိုးတန် ရှေးဟောင်းအမွေအနှစ်တွေ ပြန်လည်ပေါ်ထွက်ခဲ့ပါတယ်။

စပိန်နိုင်ငံအလယ်ပိုင်း ကာဆေးရက်စ်ပြည်နယ်မှာ ရှေးဟောင်း သုတေသီတွေဟာ ဗယ်ဒေကာနက်စ် ဆည်ထဲက ရေတွေကျသွားချိန် ခရစ်တော် မပေါ်မီ နှစ် ၅၀၀၀ လောက်ကလို့ ယုံကြည်ရတဲ့ ကျောက်တုံးကြီး ဒါဇင်ချီကို တွေ့ခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံက ရိုင်းမြစ်မှာလဲ ရေမျက်နှာပြင်ကျဆင်းလို့ ခါတိုင်းက နစ်မြုပ်နေတဲ့ စာတွေ ရေးထွင်းထားတဲ့ ဆယ်စုနှစ်ချီ သက်တမ်းရှိတဲ့ ကျောက်တုံးတွေကို တွေ့ခဲ့တာပါ။

အီတလီမှာလည်း ပိုမြစ်ထဲမှာ မြစ်ရေခမ်းခြောက်ခဲ့လို့ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးတလုံးကို တွေ့ခဲ့လို့ ဩဂုတ်လ အစောပိုင်းမှာ အီတလီ စစ်တပ်က ဗုံးကို ထိန်းချုပ်ဖောက်ခွဲခဲ့ပါတယ်။

ဥရောပရဲ့ အကြီးဆုံးမြစ်တွေထဲက တစင်းဖြစ်တဲ့ ဒါနုဘေမြစ်ဟာ ရာစုနှစ်တစ်ခုနီးပါးအတွင်း အနိမ့်ဆုံးအဆင့်ထိ မြစ်ရေ ကျဆင်းသွားခဲ့တာပါ။ ဒါကြောင့် ဒုတိယကမ္ဘာစစ် အတွင်း နစ်မြုပ်သွားတဲ့ ဂျာမန်စစ်သင်္ဘော အစီး ၂၀ ကျော် ဟာ ဆားဘီးယားနိုင်ငံက မြစ်ဆိပ်ကမ်းမြို့ ပရာဟိုဗိုနားမှာ ပြန်ပေါ်လာခဲ့ပါတယ်။

//
Up