close

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် တမူး PDF ၂ ဦး ကျဆုံး

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့အခြေစိုက်၊ ပကဖ တပ်ရင်းက ရဲဘော် ၂ ဦး စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတယ်လို့ တမူး PDF က ပြောပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့က တမူး PDF ရဲဘော်တွေဟာ တမူးမြို့အထွက် ၄ မိုင်ကို ကင်းပုန်းချ၊ လမ်းကြောစစ်ဆေးဖို့ သွားရောက်စဉ် ပစ်ခတ်ခံရတာကြောင့် ရဲဘော်တဦး ကျဆုံးခဲ့ပြီး နောက်တဦးကတော့ မိုင်းနင်းမိ ကျဆုံးခဲ့ရတာလို့ တမူး PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကိုဒီမိုတို့တပ်ဖွဲ့ လမ်းပေါ်ထွက်တော့ စစ်သားတွေ ကင်းပုန်းကြို၀ပ်ပြီး ပစ်တာ ကိုဒီမိုထိပြီး ပြန်ဆုတ်မရလို့ အဖွဲ့ထဲက တယောက်က စစ်ကူခေါ်တာ သွားတာမှာ မိုင်းမိသွားတာ။ တယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ တယောက်က တခါတည်းမသေဘူး၊ ဒရွတ်တိုက်ဆုတ်ခဲ့သေးတယ်။ ဘယ်လိုမှ မရလို့ ထားခဲ့ကြရတာ။ ‌စစ်သားတွေ ဝင်စီးတော့ အဲ့နှစ်ယောက်ကို ခေါင်းကိုအနီးကပ်ပစ်သွားတာပါ။"

အဆိုပါ ပကဖ ရဲဘော် ၂ ဦး ကျဆုံးသွားတဲ့အတွက် လွန်စွာမှ စိတ်မကောင်းဖြစ်ရပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းသွားမယ်လို့ တမူး PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်‌နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် တမူးမြို့နယ်တောင်ပိုင်းမှာ အခြေချထားတဲ့ တမူးပြည်သူ့ကာကွယ်ရေး မဟာမိတ်စခန်း ၆ ခုကို စစ်ကောင်စီတပ်သားတွေက သိမ်းပိုက်ခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up