အီရန်တွင် လမ်းများကိုပိတ်ဆို့ပြီး အရာဝတ္ထုများကို မီးရှို့ ဆန္ဒပြ

အီရန်အရှေ့မြောက်ဘက်ရှိ မက်ရှဒ်မြို့မှာ ဆန္ဒပြသူတွေဟာ လူရှုပ်တဲ့လမ်းတွေကို ပိတ်ဆို့ရင်း အရာဝတ္ထုတွေကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။
ဒီဇင်ဘာ ၅ ရက်က နိုင်ငံတဝန်း ဆန္ဒပြသူတွေက သုံးရက်ကြာ သပိတ်မှောက်ဖို့ တောင်းဆိုခဲ့ပြီးတဲ့နောက် အီရန်နိုင်ငံထဲက မြို့အတော်များများမှာ စျေးဆိုင်တွေ တံခါးပိတ်ထားခဲ့ကြပါတယ်။
ဆိုင်ရှင်တွေကို ဆူပူအကြမ်းဖက်သူတွေက ခြိမ်းခြောက်ထားတယ်လို့ တရားရေးရုံး အကြီးအကဲက အပြစ်တင်ခဲ့ပါတယ်။
စက်တင်ဘာ ၁၆ ရက်က ရဲတပ်ဖွဲ့ ချုပ်နှောင်ထားတဲ့ အီရန် ကာ့ဒ်အမျိုးသမီး မာဆာ အာမီနီ သေဆုံးပြီးတဲ့နောက် အီရန်နိုင်ငံတဝန်း မငြိမ်မသက်မှုတွေ ဖြစ်နေခဲ့တာပါ။
ဒီဆန္ဒပြမှုတွေဟာ ၁၉၇၉ ခုနှစ် တော်လှန်ရေးနောက်ပိုင်း အစ္စလာမ္မစ်သမ္မတနိုင်ငံအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှုတွေထဲက တခုဖြစ်လာပါတယ်။
အမျိုးသမီးတွေ ကျိုးကျိုးနွံနွံ ဝတ်စားဆင်ယင်ဖို့နဲ့ ခေါင်းအုပ်ပဝါတွေ ဝတ်ဆင်ဖို့ လိုအပ်တဲ့ တင်းကျပ်တဲ့ ဟီဂျဘ်မူဝါဒကို ချိုးဖောက်မှုအတွက် အာမီနီကို အီရန်ရဲတွေက ဖမ်းဆီးခဲ့ပြီး ရဲအချုပ်မှာ ထိန်းသိမ်းခံထားရချိန်မှာ အာမီနီ သေဆုံးခဲ့တာ ဖြစ်ပါတယ်။