ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်အတွင်း ဖိလစ်ပိုင်အမျိုးသား ၁ ဦး သေဆုံးမှု စုံစမ်းစစ်ဆေးနေ

ကမ္ဘာ့ဖလားအုပ်စုအဆင့်ပြိုင်ပွဲအတွင်း ဆော်ဒီနိုင်ငံအသင်း အသုံးပြုခဲ့တဲ့ အပန်းဖြေစခန်းတခုမှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်အမျိုးသားတစ်ဦး သေဆုံးမှုကို စုံစမ်းစစ်ဆေးနေကြောင်း ကာတာအစိုးရ တာဝန်ရှိသူ ဒီဇင်ဘာ ၈ ရက် ကြေညာချက်ထုတ်ပြန်ပြောပါတယ်။
လုံခြုံရေးဆိုင်ရာ စည်းကမ်းတွေကို လိုက်နာခြင်း မရှိဘူးလို့ စုံစမ်းစစ်ဆေးရေးကသာ ကောက်ချက်ချလိုက်ရင် ကုမ္ပဏီဟာ ဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး ကြီးလေးတဲ့ ဘဏ္ဍာရေးပြစ်ဒဏ်တွေလည်း ချမှတ်ခံရမှာဖြစ်ကြောင်း တာဝန်ရှိသူကပြောထားပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ကာတာကမ္ဘာ့ဖလား အမှုဆောင်ချုပ် နက်ဆာအလ်ခါတာကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းသမားတွေက မေးခွန်းတွေ မေးတာကို စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
The Athletic အားကစားသတင်းဌာနက Sealine အပန်းဖြေစခန်းမှာ ကားပါကင်က မီးတွေပြင်ဖို့ ကုမ္ပဏီတစ်ခုနဲ့ စာချုပ် ချုပ်ထားတဲ့ ဖိလစ်ပိုင်အမျိုးသား တစ်ဦးဟာ ဖှော့ကလစ်- ပစ္စည်းအသယ်အချယာဉ်ဘေးမှာ ချော်လဲပြီးတော့ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ဒီဇင်ဘာ ၇ ရက်ကတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ ယာဉ်ဘေးမှာ လမ်းလျှောက်နေတုန်း ဆင်ခြေလျှောမှာ ချော်ကျသွားပြီးတော့ သူ့ခေါင်းက ကွန်ကရစ်နဲ့ ထိခိုက်သွားကြောင်း သူတို့ရဲ့အလုပ်အကိုင်နဲ့ ဘေးကင်းမှုအတွက် အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရိုက်တာစ်သတင်းဌာနရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို အပန်းဖြေစခန်းမှ ချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။