စီရော်နယ်ဒို ရီးရဲလ်လေ့ကျင့်ရေးကွင်းတွင် တဦးတည်းလေ့ကျင့်နေ

အသင်းလက်မဲ့ဖြစ်နေတဲ့ စီရော်နယ်ဒိုဟာ ကာတာ ကမ္ဘာ့ဘောလုံးပွဲကနေအပြန်မှာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းလေ့ကျင့်ရေးကွင်းကိုသွားရောက်ပြီး တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းနေပါတယ်။
မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ်က အသင်းရဲ့ကစားသမားဟောင်း ရော်နယ်ဒိုကို လေ့ကျင့်ရေး အသုံးအဆောင်တွေကို အသုံးပြုခွင့် ပေးထားတာပါ။
ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဗက်လ်ဒယ်ဘစ်ဘားစ် လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရေးဆင်းနေပေမယ့် ရီးရဲလ်ကစားသမားတွေနဲ့ အတူလေ့ကျင့်နေတာတော့ မဟုတ်ပါဘူး။
မန်ယူအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းသစ်ရှာဖွေနေဆဲဖြစ်တဲ့ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်နာဆာအသင်းနဲ့ သဘောတူညီမှုရရှိထားတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
ရော်နယ်ဒိုဟာ မက်ဒရစ်မှာ ကြံ့ခိုင်မှုကောင်းဖို့ ကြိုတင်လေ့ကျင့်နေတာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ ဆော်ဒီကလပ်ဆီ ပြောင်းရွှေ့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။