close

ထိုင်း-မြန်မာနယ်စပ်အနီး အိုက်စ်မူးယစ်ဆေးဝါး ၁၀၀ ကီလိုဂရမ်ခန့် တွေ့ရှိ

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဖှန်မြို့နယ် မြန်မာနယ်စပ်အနီးမှာ ပိုင်ရှင်မဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁၀၀ ကီလိုဂရမ်ခန့် တွေ့ရှိတယ်လို့ Maesaipress ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၁၅ ရက် မနေ့ညနေ ၄ နာရီလောက်က ထိုင်းစစ်တပ် အမှတ် ၃ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ ဖှန်မြို့နယ် မွမ့်ပင်ကျေးရွာအုပ်စု ခေါပ်တန့်ကျေးရွာအနီး တောတောင်တွေထဲမှာ လုံခြုံရေးလှည့်လည်စစ်ဆေးစဉ် ပိုင်ရှင်မဲ့အိတ် ၈ အိတ်ကို တွေ့ရကြောင်း၊ အိတ်ထဲမှာ လက်ဖက်ခြောက်ထုပ်တွေ ပါရှိပြီး အဆိုပါ လက်ဖက်ခြောက်ထုပ်တွေထဲမှာတော့ အိုက်စ်မူးယစ်ဆေးတွေ ထည့်ထားတာလို့ ဆိုပါတယ်။

အလေးချိန် ခန့်မှန်းခြေ ၁၀၀ ကီလိုဂရမ်ခန့်ရှိပြီး တပ်ထဲရောက်မှ သေချာပြန်ပြီး ချိန်တွယ်ကြည့်ရမယ်လို့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။

အဆိုပါ အိုက်စ်ဆေးထုပ်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က အဆိုပါကျေးရွာအုပ်စုထဲမှာ ဖမ်းဆီးရမိခဲ့တဲ့ အိုက်စ်ဆေး ၁၆ အိတ်နဲ့ ပုံစံချင်းတူတူပဲလို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

မူးယစ်ဆေးဝါးအိတ်တွေ တွေ့ရှိတဲ့နေရာဟာ မြန်မာနိုင်ငံနယ်စပ်နဲ့ ၃ ကီလိုမီတာခန့်သာ ကွာဝေးပြီး တဖက်ကမ်းမှာ မိုင်းဆတ်ခရိုင် လားဟူပြည်သူ့စစ် အမှတ် ၁၀၀၇ လှုပ်ရှားနယ်မြေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up