close

ဥရောပဇုန်တွင် ငွေကြေးဖောင်းပွမှု မြင့်တက်

စွမ်းအင်ဈေးနှုန်းနဲ့ အစားအသောက်ဈေးနှုန်းတွေ ကြီးမားမှုကြောင့် ဥရောပဇုန်မှာ ငွေကြေး ဖောင်းပွမှု မြင့်တက်နေပါတယ်။

နိုဝင်ဘာလထဲမှာပဲ ဥရောပဇုန် ငွေကြေးဖောင်းပွမှုနှုန်း ၁၀ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံဟာ ငွေကြေးဖောင်းပွမှုနှုန်းက ၁၁ ဒသမ ၁ ရာခိုင်နှုန်းအထိရှိခဲ့ပြီး မနှစ်က ကာလတူ ဖောင်းပွမှုနှုန်းအထက် ပိုမြင့်တက်ခဲ့တာဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်က ဖော်ပြခဲ့တဲ့ Eurostat ဒေတာအရ သိရပါတယ်။ 

စွမ်းအင်နဲ့ အစားအသောက် ဈေးနှုန်းမြင့်မားမှုဟာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလာရတာရဲ့ အဓိကမောင်းနှင်အားတွေအဖြစ် ဆက်ရှိနေတယ်လို့ အချက်အလက်တွေက ဖော်ပြနေပါတယ်။

ခရိုအေးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ငွေကြေးဖောင်းပွမှုနှုန်း ၁၃ ဒသမ ၂ ရာခိုင်နှုန်းကနေ ၁၃ ဒသမ ၅ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပြီး ဒါဟာ ၂၀၀၄ ခုနှစ် နောက်ပိုင်း အမြင့်ဆုံး ငွေကြေး ဖောင်းပွမှုနှုန်း ဖြစ်တယ်လို့ ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့တဲ့ ခရိုအေးရှား စာရင်းအင်းဆိုင်ရာ ဗျူရိုရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

အစ္စရေးနိုင်ငံရဲ့  နှစ်စဉ်ငွေကြေး ဖောင်းပွမှုနှုန်းကတော့ နိုဝင်ဘာလထဲမှာ ၅ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဒါဟာလည်း ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးနှုန်းထား တခုဖြစ်တယ်လို့ အစ္စရေးနိုင်ငံရဲ့ စာရင်းအင်းဆိုင်ရာဗဟိုဗျူရိုက ဒီဇင်ဘာ ၁၆ ရက်မှာ ထောက်ပြခဲ့တာပါ။ 

အစ္စရေးဗဟိုဘဏ်ဟာ ငွေကြေးဖောင်းပွမှုကို တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ နိုဝင်ဘာ ၂၁ ရက်က အတိုးနှုန်းထားကို ဒီတစ်နှစ်ထဲမှာတင် ၆ ကြိမ်မြောက် တိုးမြှင့်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up