close

နည်းပြဆောက်ဂိတ် အင်္ဂလန်အသင်းကို ဆက်ပြီးတာဝန်ယူမည်

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ အသင်းကို ဆက်လက်တာဝန်ယူသွားမယ်လို့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက အတည်ပြုခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ် ကနေထွက်ခဲ့ရတာပါ။

နည်းပြဆောက်ဂိတ်ဟာ ပြိုင်ပွဲကနေထွက်ခွါခဲ့ရအပြီးမှာ  အားလပ်ရက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် အက်ဖ်အေတာဝန်ရှိသူတွေနဲ့  တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လာမယ့် ယူရို၂၀၂၄ ပြိုင်ပွဲအထိ ဆက်ပြီးရှိနေမယ်လို့သိရပါတယ်။

နည်းပြချုပ် ဆောက်ဂိတ်နဲ့ လက်ထောက်နည်းပြ စတီဟိုလန်တို့ကို အပြည့်အဝ ထောက်ခံအားပေးပြီး ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် စတင်ပြင်ဆင်မှုတွေလုပ်ဆောင်မှာဖြစ်ကြောင်း အင်္ဂလန်အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလား၊ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲတွေကို တာဝန်ယူခဲ့ပြီး ၂၀၂၄ ပြိုင်ပွဲက စတုတ္ထမြောက် နိုင်ငံတကာ ပြိုင်ပွဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up