အမ်ဘာပေ ဂိုးသွင်းနိုင်ရန် ကော်ဇောနီခင်းပေးထားမည်မဟုတ်ဟု အင်္ဂလန်နောက်ခံလူဝေါ်ကာ တုံ့ပြန်

ပြင်သစ်အသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်မှူးအမ်ဘာပေ ဂိုးသွင်းနိုင်ဖို့ ကော်ဇောနီခင်းပေးထားမှာတော့ မဟုတ်ဘူးလို့ အင်္ဂလန်နောက်ခံလူဝေါ်ကာက ပြောပါတယ်။
ညာနောက်ခံလူ ဝေါ်ကာဟာ ပြင်သစ်နဲ့ ပွဲစဉ်မှာ အခုနှစ်ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှူး အမ်ဘာပေနဲ့ ရင်ဆိုင်ရမှာပါ။
အမ်ဘာပေကို လေးစားမှုရှိပေမဲ့ တစ်ဦးတစ်ယောက်အပေါ် အလွန်အမင်းအာရုံစိုက်ကစားမှာတော့ မဟုတ်ကြောင်း ဝေါ်ကာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။
“ဒီပွဲက အင်္ဂလန်နဲ့ အမ်ဘာပေပွဲတော့မဟုတ်ပါဘူး။ အင်္ဂလန်နဲ့ ပြင်သစ်ပွဲပါ။ အမ်ဘာပေက လေးစားမှုနဲ့ ထိုက်တန်တဲ့ ကစားသမားဆိုပေမယ့် သူအလွယ်တကူဂိုးသွင်းနိုင်ဖို့ ကောဇောနီခင်းပေးထားမှာတော့ မဟုတ်ဘူးဗျ။ ဒီပွဲရှုံးသွားရင် ပြိုင်ပွဲကနေထွက်ပြီး အိမ်ပြန်ရမှာဖြစ်လို့ သေရေးရှင်ရေးတမျှအရေးကြီးတဲ့ပွဲဖြစ်တယ်”လို့ ဝေါ်ကာက ပြောပါတယ်။
ဝေါ်ကာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေနဲ့ ၄ ပွဲ တွေ့ ဆုံခဲ့ဖူးပါတယ်။