close

ရုရှားအသုံးပြုနေသည့် အီရန်လုပ် ဒရုန်းများကို တိုက်ခိုက်ရန် အသင့်ဟု ယူကရိန်းစစ်တပ် ပြော

ယူကရိန်းမြို့ကြီးတွေနဲ့  အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားရာမှာ ရုရှားကသုံးနေတဲ့ အီရန်လုပ် ဒရုန်းတွေကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူကရိန်းစစ်သားတွေက ဒီဇင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ယူကရိန်းက ရှာဟိဒ်ပုံစံ ဒရုန်းလို့ ခေါ်တဲ့ မိုပဒ်စ် ဒရုန်းယာဉ်တွေကို တိုက်ခိုက်တဲ့ အတွေ့အကြုံ အရင်က မရှိခဲ့ပေမယ့် ယူကရိန်း လေကြောင်းကာကွယ်ရေးတပ်မှူး ဒန်းနစ်စ်ကတော့ သူ့ အရာရှိတွေက ဒီဒရုန်းယာဉ်တွေကို ပစ်ချဖို့ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

“လတ်တလောမှာ မိုပတ်ဒ်တွေနဲ့ တိုက်ခိုက်ခံရမယ့် ဖြစ်နိုင်ခြေတွေ ရှိနေတယ်။ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ တိုက်ခိုက်ဖို့ အမိန့်ရထားတယ်။ သူတို့ ပျံဝင်လာပေ့စေဦး”လို့ ဒန်းနစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့တွေဆီ အနောက်နိုင်ငံတွေက လေယာဉ်ပစ်လက်နက်တွေ ပေးထား လို့ ရုရှားလေယာဉ်မှူးတွေဟာ ပစ်မှတ်တွေဆီ ပိုနီးနီးကပ်ကပ် ပျံသန်းဖို့ ခက်ခဲစေတယ်လို့ ဒန်းနစ်က ပြောပါတယ်။

"သူ့ရဲ့အလုပ်ကို ပိုတိကျအောင်လုပ်ဖို့၊ သူက ပိုနီးဖို့ လိုတယ်။ ဒါပေမဲ့ ကျနော်တို့က သူ့ကို ဒီမှာ စောင့်နေပြီ" လို့ တပ်မှူးက ဆက်ပြောပါတယ်။

အရာရှိ တစ်ဦးက ဒန်ညက်စ်ဒေသမှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးယူနစ်မှ သုံးနေတဲ့ နိုင်ငံခြားက ထုတ်လုပ်တဲ့ လက်နက်မျိုးစုံကို ပြသခဲ့ ပါတယ်။

 “စစ်မြေပြင်မှာ လက်နက်စမ်းသပ်ဖို့ ပိုကောင်းတဲ့ နေရာမရှိဘူး”လို့လည်း ဒန်းနစ်က ပြောပါတယ်။

ရုရှားဟာ ယူကရိန်းမှာရှိတဲ့ ပစ်မှတ်တွေဆီကို အီရန်လုပ် Shahed-136 ဒရုန်း တွေနဲ့ ပစ်လွှတ်ခဲ့တာပါ။

တိုက်ခိုက်မှုတွေက အရပ်သားတွေရဲ့ အသက်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတာကြောင့် စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်တယ်လို့ ယူကရိန်း အစိုးရက ပြောပါတယ်။

ရုရှားအစိုးရကတော့ သူ့ရဲ့တိုက်ခိုက်မှုတွေဟာ  စစ်ရေးအရ တရားဝင်ဖြစ်ပြီး အရပ်သားတွေကို ပစ်မှတ်မထားခဲ့ဘူးလို့ တုံ့ပြန်ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up