ဘရာဇီးတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ၂ ဦးထက်မနည်း သေဆုံး

ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာကတာရီနာပြည်နယ်မှာ ဒီဇင်ဘာ ၂၀ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ လူ ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ဒေသမီဒီယာတွေရဲ့ အဆိုအရ ကမ်ဘောရီယူမြို့မှာ ရွှံ့တွေထဲနစ်သွားတဲ့ အသက် ၁၇ နှစ်နဲ့ ၁၈ နှစ်အရွယ် ညီအမ ၂ ဦး သေဆုံးခဲ့ပါတယ်။ ကမ်ဘောရီယူရဲ့မြို့တော်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရီယိုဒီဂျနေရိုရှိ လမ်းတခုလည်း ပျက်စီးခဲ့ပြီး ဘဲလိုး ဟော်ရဇုံတေး မြို့တော်နေ ဒေသခံတွေကလည်း သူတို့အိမ်တွေ ပျက်စီးဆုံးရှုံးမှုကို သတင်းပို့နေကြပါတယ်။
ဘရာဇီးနိုင်ငံတဝန်း အခုနှစ်အတွင်း ရေကြီးရေလျှံမှုတွေ အဖြစ်များပြီး ဆယ်စုနှစ်ချီ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။