close

ပီရူးသမ္မတဟောင်း ကျန်းမာရေးဆိုးရွားနေ

ပီရူးနိုင်ငံရဲ့ ဖြုတ်ချခံသမ္မတဟောင်း ပီဒရိုကတ်စတီလိုရဲ့ ကျန်းမာရေးအခြေအနေ  ဆိုးရွားနေတယ်လို့   သူ့ရဲ့မိသားစုက  သတင်းထောက်တွေကို ပြောပါတယ်။ 

သူနဲ့ တခြားမိသားစုဝင်တွေဟာ အမေရိကတိုက်အတွင်း လူ့အခွင့်အရေးဆိုင်ရာကော်မရှင် (IACHR)က တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာ ၂၂ ရက်မှာ တွေ့ဆုံခဲ့ပြီးနောက်မှာ ပြောကြားလိုက်တာပါ။

ကတ်စတီလိုရဲ့တူမဖြစ်သူ ဗီးလ်မား ဗက်စ်ကတ်ဇ်က ဦးလေးဖြစ်သူရဲ့အမှုမှာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် IACHR အဖွဲ့ကို မိသားစုဝင်တွေက တောင်းဆိုခဲ့တဲ့အကြောင်း ပြန်ပြောပြပါတယ်။

ကတ်စတီလိုကို ဒီဇင်ဘာ ၇ ရက်မှာ သမ္မတရာထူးကနေ ဖြုတ်ချလိုက်တာဖြစ်ပြီး အမှီအခို ကင်းတဲ့ နိုင်ငံတော်အာဏာ နှစ်ရပ်အကြား အားပြိုင်မှုတွေအပြီး ကွန်ဂရက်ကို တရားမ၀င် ဖျက်သိမ်းဖို့ ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။ 

ကတ်စတီလိုကို "ပုန်ကန်မှုနဲ့ ပူးပေါင်းကြံစည်မှု" ရာဇဝတ်မှုစွဲချက်တွေနဲ့အတူ တရားစွဲဆိုခံ ထားရတာပါ။

အမေရိကရဲ့ လူ့အခွင့်အရေးဆိုင်ရာကော်မရှင် IACHR မစ်ရှင်အရ တိုင်းပြည် ရင်ဆိုင်နေရတဲ့ အကျပ်အတည်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းဖို့ တာဝန်ရှိသူတွေဟာ နိုင်ငံရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်နဲ့ အစိုးရအဖွဲ့တွေအပါအဝင် အောက်လွှတ်တော်စတဲ့ နယ်ပယ်အသီးသီးက ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဖို့အတွက် ဒီဇင်ဘာ ၂၀ ရက်မှာ မြို့တော်လီမာကို ရောက်ရှိလာပါတယ်။

လက်ရှိမှာ သမ္မတဟောင်း ကတ်စတီလိုကို မြို့တော်လီမာအရှေ့ဘက်ရှိ ရဲတပ်ဖွဲ့အခြေစိုက် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး အဲ့ဒီအကျဉ်းထောင်မှာ သူ့အရင် သမ္မတဟောင်း တစ်ဦးဖြစ်တဲ့ အယ်လ်ဘာတို ဖူဂျီမိုရီက လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ အတွက် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up