ပီရူးသမ္မတဟောင်းကို ပြန်လွှတ်ပေးရန် ထောက်ခံသူများ ဆန္ဒပြ

ရာထူးကနေဖယ်ရှား ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ပီရူးသမ္မတဟောင်း ပီဒရိုကတ်စတီလိုအပေါ် ထောက်ခံသူတွေနဲ့ အဓိကရုဏ်းထိန်းရဲတွေအကြား ဒီဇင်ဘာ ၈ ရက်က ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ခေါင်းဆောင်ဟောင်းကို ဖမ်းဆီးမှုအပေါ် ဆန့်ကျင်ပြီး အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြတာပါ။
ဆန္ဒပြသူတွေကို လူစုခွဲဖို့အတွက် ရဲတွေက မျက်ရည်ယိုဗုံးပစ်လိုက်ပြီးနောက်မှာပဲ ဆန္ဒပြပွဲက အကြမ်းဖက်မှုအသွင် ပြောင်းသွားပါတယ်။
နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကတ်စတီလို လွတ်မြောက်ရေးအတွက် ဆန္ဒပြသူတွေဟာ အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။
ဒီခေါင်းဆောင်ရဲ့ အမိန့်နဲ့ အုပ်ချုပ်ဖို့ ကြိုးပမ်းမှုအပါအဝင် လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှုဆိုင်ရာ တတိယအကြိမ် မဲခွဲဆုံးဖြတ်မှုကို ရှောင်ကြဉ်နိုင်ဖို့အတွက် လွှတ်တော်ကိုဖျက်သိမ်းဖို့ ကြိုးစားခဲ့တာကြောင့် ကွန်ဂရက်လွှတ်တော်အမတ်တွေက သူ့ကို ရာထူးကနေ ဖယ်ရှားဖို့ ထောက်ခံမဲ အသာစီးရခဲ့ပြီးနောက် ကတ်စတီလိုဟာ သမ္မတရာထူးကနေ အခုလို အလျင်အမြန် ပြုတ်ကျသွားတာပါ။