close

ကနေဒါ ရက်ပအဆိုတော် သေနတ်ပစ်ခတ်မှုတွင် အပြစ်ရှိဟူ ဂျူရီဆုံးဖြတ်

ကနေဒါ ရက်ပ်အနုပညာရှင် တော်ရီလိန်းဇ်လို့ လူသိများတဲ့  ဒေးစတား ပီတာဆန်ဟာ မိတ်ဆွေဖြစ်သူ နာမည်ကြီး အနုပညာရှင် မက်ဂန် သီစတာလီယန်နဲ့ အချေအတင်စကားများရာက သူ့ခြေထောက် နှစ်ဖက်စလုံးကို သေနတ်နဲ့ပစ်ခတ်မှုအတွက် အပြစ်ရှိကြောင်း လော့အိန်ဂျလိစ် ဂျူရီလူကြီးတွေရဲ့  ဆုံးဖြတ်ချက်ကို အစိုးရရှေ့နေတွေက ဒီဇင်ဘာ ၂၃ ရက်မှာ ပြောပြပါတယ်။ 

၂၀၂၀ ပြည့်နှစ်က အသက် ၃၀ အရွယ် တော်ရီလိန်းဇ်ဟာ ရေကူးကန်ပါတီပွဲကနေ ထွက်လာတဲ့ အသက် ၂၇ နှစ် အရွယ် ဂရမ်မီဆုရ ရက်ပ်ပါအဆိုတော် မက်ဂန်သီ စတာလီယန် ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ခြေထောက်တွေကို ထိမှန်ခဲ့တာပါ။ 

ဂျူရီလူကြီးတွေက တော်ရီလိန်းဇ်ကို ရာဇဝတ် ပြစ်မှု ၃ ခုမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ထားပါတယ်။

ကျည်ဖြည့်ထားတဲ့ လိုင်စင်မဲ့ သေနတ်တလက်ကို ကားပေါ်မှာ  သယ်ဆောင်မှု၊ ဆီမီးအော်တို လက်နယ်ငယ်နဲ့ တိုက်ခိုက်မှု၊ သေနတ်ကို ပေါ့ဆစွာ ပစ်ခတ်မှုစတဲ့ပြစ်မှုတွေ အရ တော်ရီလိန်းဇ်အနေနဲ့ ထောင်ဒဏ်နှစ် ၂၀ ကျော် ကျခံရဖို့ရှိနေတာပါ။ 

ဒီစီရင်ချက် ချမှတ်ပြီးနောက် မက်အတွက် တရားမျှတမှုရရှိခဲ့ပြီမို့ ကျေးဇူးတင်ကြောင်း မက်ဂန်သီစတာလီရန်ရဲ့ ရှေ့နေက ပြောခဲ့ပါတယ်။ 

စီရင်ချက် ချမှတ်ဖို့  ဇန်နဝါရီ ၂၇ ရက်ကို ချိန်းဆိုထားကြောင်း နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြပါတယ်။ ဒီဇင်ဘာ ၂၃ ရက်တုန်းက တရားခွင်ကိုတော့ မက်ဂန်သီစတာလီယန် လာရောက်ခြင်း မရှိပါဘူး။

အမှုစစ်ဆေးနေတဲ့ နေအိမ်အကျယ်ချုပ်ကာလအတွင်း အာမခံအရ လွတ်မြောက်နေတဲ့ လိန်းဇ်ကို အချုပ်ထဲမှာ ချက်ချင်းဖမ်းဆီထားတယ်လို့လည်း နယူးယောက်တိုင်းမ် သတင်းစာက ဆိုပါတယ်။

ဂျူရီအဖွဲ့ဝင်လူကြီးတွေဟာ ရက်သတ္တပတ် နှစ်ပတ်နီးပါး ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ၂ ရက် အကြာမှာ နာရီပေါင်းများစွာ ဆွေးနွေးပြီးသွားတဲ့နောက် ဒီတစ်ပတ်သောကြာနေ့မှာ စီရင်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up