close

ရုရှားရှိ လက်နက်ထုတ်စက်ရုံကို သမ္မတ ပူတင်သွားရောက်

အမေရိကန်လွှတ်တော်အမတ်တွေက ယူကရိန်းအတွက် ဒေါ်လာ ၄၅ ဘီလီယံ အကူအညီပေးရေး အစီအစဉ်ကို အတည်ပြုဖို့ မျှော်လင့်ထားချိန် ရုရှားနိုင်ငံ တူလာဒေသရှိ လက်နက်ထုတ်လုပ်ရေး စက်ရုံကို သမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၂၃ ရက်မှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ရုရှားသမ္မတဟာ အဲဒီစက်ရုံဆီ သွားရောက် လည်ပတ်ခဲ့ပြီး ဒုံးကျည်တွေ၊ ဒုံးပစ် လောင်ချာတွေပါတဲ့ ယာဉ်တွေနဲ့ သံချပ်ကာယာဉ်တွေ အပါအဝင် ခင်းကျင်းပြသထားတဲ့ လက်နက် တချို့ကို ကြည့်ရှုခဲ့ပါတယ်။

ယူကရိန်းမှာ ကြုံတွေ့ခဲ့ရတဲ့ ၁၀ လကြာ  ပြဿနာတွေဆီကနေ သင်ခန်းစာယူပြီး ပြင်ဆင်ရမယ်လို့ ပူတင်က ကာကွယ်ရေးဦးစီးချုပ်တွေကို ဒီဇင်ဘာ ၂၁ ရက်က မော်စကိုမှာ မိန့်ခွန်းပြောပြီးတဲ့နောက် ပူတင်ရဲ့ ဒီဇင်ဘာ ၂၃ ရက် ခရီးစဉ် ပေါ်လာခဲ့တာပါ။

စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးကို ဆက်လုပ်ဖို့ လိုအပ်သမျှ စစ်တပ်တွေကို အကုန်ပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ 

စက်ပစ္စည်းတွေ လက်နက်ကြီးတွေနဲ့ ပတ်သက်ရင် အစိုးရက ပံ့ပိုးပေးမယ့် ဘဏ္ဍာရေးဆိုင်ရာ အကန့်အသတ် မရှိဘူးလို့လည်း ပူတင်က  အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up