တောင်အာဖရိကတွင် ဓာတ်ငွေ့တင်သင်္ဘော ပေါက်ကွဲပြီး လူ ၈ ဦး သေဆုံး

တောင်အာဖရိကနိုင်ငံရဲ့ အကြီးဆုံးမြို့ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ ဒီဇင်ဘာ ၂၄ ရက်က တံတား တခု အောက်မှာ ဓာတ်ငွေ့တင်သင်္ဘော တစီး ပေါက်ကွဲခဲ့လို့ လူ ၈ ယောက် သေဆုံးခဲ့ပါတယ်။
လူအများအပြား ဒဏ်ရာရပြီး အနီးနားက အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။
မီးလောင်တဲ့ အခိုက်အတန့်မှာ ကောင်းကင်ယံမှာ မီးတောက်တွေ ပြည့်လျှံနေပြီး အခင်းဖြစ်တဲ့နေရာကနေ ပြေးထွက်သွားတဲ့ လူတွေကို မျက်မြင်သက်သေ ဗီဒီယိုတွေထဲမှာ မြင်ရပါတယ်။
Tambo Memorial ဆေးရုံရဲ့ အရေးပေါ်ဌာနက ခေါင်မိုးတွေ ပေါက်ကွဲလို့ အိမ်နှစ်လုံးနဲ့ ကားအများအပြား ပျက်စီးခဲ့ပြီး ဘေးလူတွေ ဒဏ်ရာရခဲ့ ပါတယ်။
ဓာတ်ငွေ့တင်သင်္ဘောကို တံတားနိမ့်နိမ့် အောက်မှာတင် မီးငြှိမ်းသတ်နိုင်ခဲ့ပေမယ့် စုံစမ်း စစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့ အရေးပေါ် ဝန်ဆောင်မှုပေးရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝီလျံ အန်ရှလာဒီက ပြောပါတယ်။