တောင်အာဖရိကတွင် လစာတိုးမြှင့်ပေးရေး ဝန်ထမ်းများ ဆန္ဒပြ

တောင်အာဖရိက နိုင်ငံ့ဝန်ထမ်းတွေဟာ လုပ်ခလစာ အငြင်းပွားမှုနဲ့ပတ်သက်ပြီး အစိုးရကို ဖိအားပေးဖို့အတွက် နိုဝင်ဘာ ၂၂ ရက်က နိုင်ငံရဲ့ အမျိုးသားဘဏ္ဍာရေးဌာနကို ချီတက်ဆန္ဒပြကြပါတယ်။
အရပ်ဘက်ဝန်ထမ်းသမဂ္ဂတွေနဲ့ အဖွဲ့တွေက အစိုးရရဲ့ လစာ ၃ ရာခိုင်နှုန်း တိုးပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို စုရုံးပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
သူတို့ဟာ အလုပ်ကိုအရမ်းကြိုးစားပြီး နေထိုင်စားသောက်စရိတ်ကလည်း အရမ်းမြင့်နေတာကြောင့် ၁၀ ရာခိုင်နှုန်း လိုချင်တာဖြစ်ကြောင်း HIV/AIDS အတိုင်ပင်ခံ Leah Hlabati က ပြောပါတယ်။
သယ်ယူပို့ဆောင်ရေး၊ ဓာတ်ဆီ၊ အစားအသောက် ဈေးနှုန်းတွေတောင် အကုန်မြင့်နေတော့ အဲဒီ ၁၀ ရာခိုင်နှုန်းကို လိုချင်တာလို့ သူက ဆိုပါတယ်။
သမဂ္ဂတွေနဲ့ အစိုးရကြား လုပ်ခလစာညှိနှိုင်းမှုဟာ အောက်တိုဘာလဆန်းပိုင်းမှာ ပျက်ပြယ်သွားပြီး နောက်ဆက်တွဲအနေနဲ့ အစိုးရဟာ အောက်တိုဘာလရဲ့ နှစ်လယ်ဘတ်ဂျက်မှာ ဖော်ပြထားတဲ့ ၃ ရာခိုင်နှုန်း တိုးပေးမယ်ဆိုတာကို တဖက်သတ် အကောင်အထည်ဖော်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနဟာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ စုပေါင်းအသုံးစရိတ်ရဲ့ ၃ ပုံ ၁ ပုံလောက်ရှိတဲ့ ဝန်ထမ်းတွေအတွက် လျော်ကြေးအသုံးစရိတ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာပါ။
နိုင်ငံတွင်း အကြီးဆုံး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် COSATU နဲ့ အစိုးရကဏ္ဍလုပ်သား ၁ သန်းကျော်ကို အများစုကို ကိုယ်စားပြုတဲ့ တခြားဖက်ဒရေးရှင်း အဖွဲ့ချုပ်တွေက နိုဝင်ဘာ ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ အစိုးရဟာ လစာ ၃ ရာခိုင်နှုန်း တိုးမြှင့်ပေးမှုကို လုပ်ဆောင်နေတဲ့အထိ သူတို့ဟာ ဆန္ဒဆက်ပြနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။