close

ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းများ နာရီဝက်ကျော်အတွင်း ရောင်းကုန်

ရန်ကုန်မြို့က ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့  စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကနေ ဇန်နဝါရီ ၂၁ ရက်က စတင်ရောင်းချနေရာမှာ နာရီပိုင်းအတွင်း ၃ ခန်းတွဲနဲ့ ၁ ခန်းတွဲ အခန်းအားလုံး ရောင်းကုန်ခဲ့တယ်လို့ NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ရဲရင့်နွေဦး ကွန်ဒိုက 3-Bedroom အခန်းပေါင်း ၃၆၀ ကို  ၃၃ မိနစ်အတွင်း ရောင်းကုန်ခဲ့သလို အခန်း ၇၇၀ ရှိတဲ့ 1-Bedroom အခန်း (၁၀၀)ကိုလည်း ရောင်းကုန်သွားတာလို့ သိရပါတယ်။

စတင်ရောင်းချမယ့်နေ့မတိုင်ခင်ကလည်း ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော် အခန်းအရေအတွက် ၃၀၀ ကျော်ကို ကြိုတင်ဝယ်ယူမယ့် အမှာစာတွေလက်ခံရရှိထားပြီးဖြစ်တယ်လို့လည်း NUG ဘက်ကထုတ်ပြန်ထားပါတယ်။

ရဲရင့်နွေဦးကွန်ဒိုအခန်းတွေကို ၃ လပြတ် အရစ်ကျစနစ်နဲ့ အများဆုံး ရောင်းချနေတာဖြစ်ပြီး NUG ကရောင်းချပေးနေတဲ့ ကွန်ဒိုတိုက်ခန်းခတွေဟာ စျေးနှုန်းအရ ဆယ်ဆလောက်သက်သာတဲ့အတွက် ဝယ်ယူသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်ထားပါတယ်။

ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ၊ ၁၀၆ အကြမ်းဖက်တပ်ပိုင်မြေနေရာမှာ ဆောက်လုပ်မယ့် NUG ရဲ့ ၂၀၂၃ စီမံကိန်းတွေထဲက ပထမဆုံး စီမံကိန်းအနေနဲ့ အမျိုးအစား ၄ မျိုး အခန်းပေါင်း ၈၅၀ ပါတဲ့ ရဲရင့်နွေဦးကွန်ဒိုကို စတင်ရောင်းချနေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up