close

ဗန်းမောက်မြို့မရဲစခန်းက ဒုတပ်ကြပ် ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မြို့မရဲစခန်းက ဒုတပ်ကြပ်တယောက် ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းက လက်နက်နဲ့တကွ CDM လုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ပါတယ်။

ဒုတပ်ကြပ် လှမျိုးဦးဟာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို စွန့်ခွာပြီး လက်နက်နဲ့အတူ CDM လုပ်ကာ ဒေသခံကာကွယ်ရေးတပ်နဲ့ ပူးပေါင်းသွားတာလို့ ရဲစခန်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဒုတပ်ကြပ် လှမျိုးဦးကတော့ ရဲစခန်းကိုစွန့်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းသွားတယ်။ လက်နက်လည်းပါသွားတယ်။ PDF အဖွဲ့က နားယကာ ကျေးရွာနားကနေ အဲဒီ CDM လုပ်သွားတဲ့ ဒုတပ်ကြပ်ကို လာကြိုသွားတယ်။”

CDM လုပ်သူ ဒုတပ်ကြပ်မှာ သေနတ်အရှည်တလက်၊ ကျည်ဆန်နဲ့ လက်ပစ်ဗုံးနှစ်လုံး ပါသွားတယ်လို့လည်း သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗန်းမောက်မြို့နယ်က ရဲဝန်ထမ်းတယောက် CDM လုပ်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။    

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up