close

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့ရှိ CDM ဝန်ထမ်းများကို စစ်ကောင်စီက ဖမ်းဆီးရန် စီစဉ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့မှာ CDM ဝန်ထမ်းတွေကို ဖမ်းဆီးမယ်ဆိုတဲ့ စီမံချက်ကြောင့် တိမ်းရှောင်နေကြရတယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ တိုင်း၊ ခရိုင်၊ မြိုနယ်ရုံးနဲ့ ရာအိမ်မှူး‌တွေမှာ CDM လုပ်သူ‌တွေရဲ့ စာရင်း‌ရှိထားပြီး လူမှုကွန်ယက်စာမျက်နှာပေါ် စစ်ကောင်စီကို တိုက်ခိုက်တဲ့စာရေးသားသူ မဟုတ်ဘူးဆိုရင်တော့ လတ်တလောဖမ်းဆီးဖို့ မရှိသေးဘူးလို့  "ဝ"တိုင်းရုံးတာဝန်ရှိသူ တဦးက ပြောပါတယ်။

စီမံချက်ကာလကို ဇန်နဝါရီလ မကုန်ခင်နဲ့ ဖေဖော်ဝါရီလဆန်းပိုင်းထိ သတ်မှတ်ထားပြီး CDM လုပ်တဲ့ ဦးရေပေါ်မူတည်ကာ စီမံချက်ကာလ ကြာမြင့်ချိန်ကွာခြားနိုင်တယ်လိုလည်း ဌာနဆိုင်ရာနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။ 

CDM တဦးက "ဖမ်းဆီးချင်တယ်ဆိုရင် အာဏာသိမ်းပြီး‌တဲ့နောက် ဖမ်းမှာပဲ။ အခုချိန်မှ ဖမ်းဖို့ လုပ်တယ်ဆိုတာ ဖေဖော်ဝါရီ ၁ ရက်မှာ သူတို့လုပ်မယ့် အမျိုးသားကာကွယ်‌ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အစီရင်ခံတင်ပြရမှာဖြစ်လို့ စီမံချက်နဲ့ ဖမ်းဖို့ လုပ်တာ ဖြစ်မယ်"လို့ ပြောပါတယ်။

အရင်က အဲဒီဒေသမှာတော့ တခြားဒေသ‌တွေလို CDM တွေကို ဖမ်းဆီးတာမျိုး မရှိခဲ့ဘူးလို့လည်း CDM လုပ်သူတွေက ဆိုပါတယ်။ 

အခုဖမ်းဆီးမယ့်သတင်းတွေကြောင့် သက်ကြီးမိဘတွေနဲ့ နေထိုင်ရတဲ့ CDM‌ တွေအနေနဲ့ ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပြီး တိမ်းရှောင်ဖို့ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပေါ်ဆန္ဒထွက်ပြတဲ့ CDM‌‌ တွေအနေနဲ့ လုံခြုံရေးအရ တခြား မြို့တွေမှာ တိမ်း‌ရှောင်နေတဲ့သူ‌တွေရှိသလို ဟိုပန်မြိုမှာပဲ တခြားလုပ်ငန်းတွေကို လုပ်ကိုင် နေသူတွေလည်း ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up