ချဲလ်ဆီးကွင်းလယ်လူ ယော်ဂင်ညိုကို ပေါင် ၁၂ သန်းဖြင့် အာဆင်နယ်အသင်းခေါ်ယူ

3
အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ချဲလ်ဆီးကွင်းလယ်လူ ယော်ဂင်ညိုကို ပေါင် ၁၂ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။
အသက် ၃၁ နှစ်ရှိ အီတလီကွင်းလယ်လူကို အာဆင်နယ်အသင်းက ၁၈ လ စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။
ယော်ဂင်ညိုဟာ အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၂၀ ဝတ်ဆင်ကစားသွားမှာဖြစ်ပြီး အပြောင်းအရွှေ့ပိတ်သိမ်းခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ အသင်းနဲ့အတူ စာချုပ်ချုပ်ဆိုခဲ့တာပါ။
ယော်ဂင်ညိုဟာအသင်းနဲ့ ၆ လသက်တမ်းသာကျန်ရှိတော့တာဖြစ်ပြီး ရာသီကုန်မှာ အလွတ်နဲ့ပြောင်းရွှေ့ခွင့်ပြုရမယ့်အစား ချဲလ်ဆီးအသင်းက ပေါင် ၁၂ သန်း ရယူနိုင်ခဲ့တာပါ။
နည်းပြအာတေတာအတွက်တော့ ပါတေး၊ ချာကာတို့ဒဏ်ရာရခဲ့မယ်ဆိုရင် အစားထိုးကစားနိုင်မယ့် နောက်ထပ် ဝါရင့်ကွင်းလယ်လူတစ်ဦး ထပ်ပြီးခေါ်ယူခဲ့တာဖြစ်ပါတယ်။