နယူးဇီလန်တွင် ကိုကင်း ၃ တန်ကျော် သိမ်းဆည်းမိ

နယူးဇီလန် အာဏာပိုင်တွေဟာ ပင်လယ်ပြင်ထဲမှာ မျောနေတဲ့ နယူးဇီလန်ဒေါ်လာ သန်း ၅၀၀ ကျော်တန်ဖိုးရှိ ကိုကင်း ၃ ဒသမ ၂ တန်ကို ဆယ်ယူရရှိခဲ့ပြီး အဲဒီကိုကင်းတွေဟာ သြစတြေးလျကို ပို့ဆောင်ဖို့ဖြစ်တယ်လို့ ယူဆရကြောင်း ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။
နယူးဇီလန် ရဲကော်မရှင်နာ အန်ဒရူး ကော့စတာက “ဒါဟာ နယူးဇီလန်ရဲတပ်ဖွဲ့က ဦးဆောင်တဲ့ စစ်ဆင်ရေးတခုဖြစ်ပြီးတော့ နယူးဇီလန် အကောက်ခွန်ဌာနနဲ့ နယူးဇီလန် ကာကွယ်ရေးတပ်ဖွဲ့တို့က ကူညီပံ့ပိုးပေးတာဖြစ်ကြောင်း” ပြောပါတယ်။
ပစိဖိတ်သမုဒ္ဒရာအလယ်က ရေပေါ် ကြားခံစခန်းတခုမှာ ဒီလောက်ပမာဏကြီးကို ကြားဖြတ် ဖမ်းဆီးလိုက်နိုင်တာကြောင့် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတခုရဲ့ ကုန်သွယ်မှုမှာ ပါဝင်နေသူတွေကို ထုတ်လုပ်သူတွေကနေ ဖြန့်ဖြူးနေသူတွေအထိ ကြီးကြီးမားမား ငွေကြေးဆိုင်ရာ ထိုးနှက်ချက်ကို ခပ်ပြင်းပြင်း လုပ်လိုက်နိုင်တယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။
ဒါဟာ နယူးဇီလန် အေဂျင်စီတွေကနေ တရားမဝင်မူးယစ်ဆေးဝါးတွေကို အတိုင်းအတာ တခုထိ အများဆုံး ရှာဖွေတွေ့ရှိမှုဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကိုကင်း ၃ ဒသမ ၂ တန်ဆိုတဲ့ ပမာဏဟာ သြစတြေးလျဈေးကွက်ကို တနှစ်စာလောက် ကိုကင်းအလုံအလောက် ဝန်ဆောင်မှုပေးလို့ရပြီး နယူးဇီလန်မှာတော့ နှစ်ပေါင်း ၃၀ ကျော်စာလောက် သုံးလို့ရမယ်လို့ နယူးဇီလန် ရဲကော်မရှင်နာ အန်ဒရူး ကော့စတာက ပြောပါတယ်။