close

ထိုင်ဝမ်နိုင်ငံဖြစ်လာမည်မဟုတ်ဟု တရုတ်ပြော

ထိုင်ဝမ်ဟာ ဘယ်တုန်းကမှ နိုင်ငံတနိုင်ငံမဟုတ်သလို ဘယ်တော့မှလည်း နိုင်ငံတတနိုင်ငံ ဖြစ်လာမှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံတော်ကောင်စီ၊ ထိုင်ဝမ်ရေးရာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ကျူးဖှုန့်လျန်က ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ရဲ့ ဥက္ကဋ္ဌ လိုင်ကျင်းတာက သူဟာ DPP ရဲ့ ဥက္ကဋ္ဌဟောင်း ချိုင်အင်းဝမ်ရဲ့ ရေလက်ကြားဖြတ်ကျော်မူဝါဒ ရပ်တည်ချက်ကို စွဲကိုင်သွားမယ်လို့ ပြောအပြီးမှာ ကျူးဖှုန့်လျန်က ခုလို မှတ်ချက်ပေးခဲ့တာပါ။

“ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးဟာ သမိုင်းအထောက်အထားတွေ ရှင်းရှင်းလင်းလင်းနဲ့ တရားဝင်အခြေခံရှိတဲ့ အချက်ဖြစ်တဲ့ တရုတ်နိုင်ငံတခုတည်းက ပိုင်ဆိုင်ပါတယ်။ ထိုင်ဝမ်ဟာ ဘယ်တော့မှ နိုင်ငံတနိုင်ငံ မဟုတ်ခဲ့သလို နိုင်ငံတနိုင်ငံ ဖြစ်လာမှာမဟုတ်ပါဘူး” လို့ ကျူးက ပြောပါတယ်။

“ထိုင်ဝမ်ခွဲထွက်ရေးမှာ ပါဝင်တာဟာ သမိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တရုတ်ပြည်သူအားလုံးရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးက ဆွေမျိုးသားချင်းတွေရဲ့ အကျိုးစီးပွားကို အကြီးအကျယ် ထိခိုက်ပျက်စီးစေပါတယ်” လို့လည်း သူက ပြောပါတယ်။

Up