close

ရလဒ်မကောင်းပါက ထုတ်ပယ်ခံရမည်ကို ကြိုသိကြောင်း ချဲလ်ဆီးနည်းပြပေါ်တာပြော

အသင်းရလဒ်မကောင်းရင် ထုတ်ပယ်ခံရမှာကို ကြိုတင်သိရှိပြီးသားဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။ 

ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၇ ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ မှာ ရပ်တည်နေတာပါ။  

အသင်းရလဒ် မကောင်းခဲ့ရင် တရားခံဟာ မိမိဖြစ်လာမှာကို သိရှိနားလည်ကြောင်း၊ အသင်းပိုင်ရှင် တော့ဘိုလီနဲ့လည်း  ဆက်ဆံရေးကောင်းမွန်ပြီး တစ်ဦးကိုတစ်ဦး နားလည်မှုရှိကြောင်း နည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။ 

ချဲလ်ဆီးအသင်းဟာ အခုနှစ်ရာသီမှာ ပေါင်သန်း ၆၀၀ ခန့်အထိ အသုံးပြုထားပေမဲ့ ရလဒ်ကောင်း မရသေးတဲ့အပေါ် နည်းပြပေါ်တာမှာ ဖိအားရှိနေတာပါ။

ချဲလ်ဆီးဟာ စနေနေ့ ည ၇ နာရီမှာ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲကျပ်အဖြစ် ယှဉ်ပြိုင်ကစား သွားရမှာဖြစ်ပါတယ်။ 

Up