close

ဗီလာနှင့်ပွဲတွင် အနိုင်ရခဲ့သည့် အာဆင်နယ်အသင်းသားများကို နည်းပြအာတီတာ ချီးကျူး

အက်စတန်ဗီလာနဲ့ပွဲမှာ အသင်းသားတွေရဲ့ ရဲရင့်တဲ့ စရိုက်လက္ခဏာနဲ့ ဖိအားဒဏ်ခံနိုင်မှုကို ပြသနိုင်ခဲ့ကြောင်း နည်းပြအာတီတာက ပြောပါတယ်။ 

အဲဒီပွဲစဉ်မှာ ဗီလာက ဦးဆောင်ဂိုးတွေ  ၂ ကြိမ် တိုင်တိုင်သွင်းနိုင်ခဲ့ပေမဲ့ အာဆင်နယ်အသင်းက ချေပ ဂိုးတွေနဲ့ အနိုင်ဂိုးတွေပြန်လည်သွင်းယူပြီး ၄ဂိုး ၂ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ 

ပွဲအပြီးမှာတော့ နည်းပြအာတီတာက အသင်းသားတွေရဲ့ ရဲရင့်မှုနဲ့ ဖိအားဒဏ်ခံနိုင်မှုတို့ကို ချီးကျူးသွားခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရလဒ်ဆိုးတွေအပြီးမှာ နိုင်ပွဲပြန်ရခဲ့တဲ့အပေါ် ကျေနပ်မိကြောင်း၊ ထိပ်ဆုံးနေရာမှာဆက်လက်ရပ်တည်ချင်တယ်ဆိုရင် မတူညီတဲ့ နည်းလမ်းတွေနဲ့ နိုင်ပွဲရယူနိုင်ဖို့ လိုအပ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။ 

အာဆင်နယ်ဟာ ပွဲစဉ် ၂၃ ပွဲအပြီးမှာ ဒုတိယနေရာက မန်စီးတီးထက် တစ်ပွဲလျော့ပေမဲ့ ရမှတ် ၂ မှတ် ဖြတ်ကာ အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ 

Up