ပွဲစဉ်ဇယားရေးဆွဲရာတွင် ကလပ်အသင်းများဘက်ကို ကာကွယ်ရန် နည်းပြအာတီတာ တိုက်တွန်း

ပွဲစဉ်ဇယားရေးဆွဲရာမှာ ကလပ်အသင်းတွေဘက်ကို ကာကွယ်ပေးသင့်ကြောင့် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကို နည်းပြအာတီတာက တိုက်တွန်းလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ဗုဒ္ဓဟူးနေ့က မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကစားပြီးနောက် စနေနေ့ နေ့လယ်ပိုင်းမှာ အက်စ်တွန်ဗီလာနဲ့ အဝေးကွင်းပွဲစဉ်ကစားရမှာပါ။
ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားရတဲ့အသင်းတိုင်းက စနေနေ့လယ်ပိုင်းမှာကစားရမယ့် ပွဲစဉ်ရေးဆွဲမှု မရှိဖို့ သတ်မှတ်ထားပြီဖြစ်ကြောင်း၊ အဲဒီစည်းမျဉ်းကို ပြိုင်ပွဲတိုင်းအတွက် သတ်မှတ်သင့်ကြောင်း နည်းပြအာတီတာက ပြောခဲ့တာပါ။
အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပွဲစဉ်မဟုတ်ပေမယ့် ဗုဒ္ဓဟူးနေ့မှာပဲ မန်စီးတီးနဲ့ ကစားခဲ့ရပြီး ၆၃ နာရီအကြာမှာ ပွဲကစားရမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်နေနေ ပွဲစဉ်ရေးဆွဲမှုအတိုင်း ဆက်ကစားရုံသာရှိပြီး ကစားသမားတွေအနေနဲ့ အကောင်းဆုံးခြေစွမ်းနဲ့ ကြံ့ခိုင်မှုရရှိနေလိမ့်မယ်လို့ နည်းပြအာတီတာက ပြောသွားပါတယ်။