ပင်လယ်ပြင်ကာကွယ်ရေး ကုလသမဂ္ဂ သဘောတူစာချုပ် ချုပ်ဆို

သံတမန်ရေးအရ လူသိများတဲ့ ကုလသမဂ္ဂကိုယ်စားလှယ်တွေဟာ မတ်လ ၄ ရက်က နိုင်ငံပေါင်း ၁၀၀ ကျော်က စေ့စပ်ညှိနှိုင်းသူတွေနဲ့ အချိန်ကြာကြာ ဆွေးနွေးအပြီး ပင်လယ်ပြင်ကာကွယ်ရေး ကုလသမဂ္ဂ သဘောတူစာချုပ်ကို ၁၅ ကြိမ်မြောက် ချုပ်ဆိုနိုင်ခဲ့ပါတယ်။
နှစ်ပေါင်းများစွာ စေ့စပ်ညှိနှိုင်းမှုကြောင့် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲတွေ ဆုံးရှုံးမှုကို နောက်ပြန်ဆုတ်စေပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အာမခံနိုင်မယ်လို့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေက ပြောပါတယ်။
သမုဒ္ဒရာ ဇီဝမျိုးစုံမျိုးကွဲတွေ ရေရှည်သုံးနိုင်ရေးအတွက် ၁၅ နှစ်ကြာ ဆွေးနွေးမှုအောက်မှာ တရားဝင် စည်းနှောင်ထားတဲ့ စာချုပ်ကို ကုလသမဂ္ဂ ဦးဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှု ငါးကြိမ်အပြီး နယူးယောက်မြို့မှာ မတ်လ ၅ ရက်က သဘောတူခဲ့ပါတယ်။
“သင်္ဘောက ကမ်းစပ်ကိုရောက်နေပြီ” လို့ ကုလသမဂ္ဂညီလာခံ ဥက္ကဋ္ဌ ရီနာလီက မာရသွန်ဆွေးနွေးပွဲ နောက်ဆုံးနေ့အပြီးမှာ ပြောခဲ့ပါတယ်။
ဒီစာချုပ်ဟာ ဆယ်စုနှစ်အကုန်မှာ ကမ္ဘာ့ကုန်းမြေနဲ့ ပင်လယ် ၃၀ ရာခိုင်နှုန်းကို အကာအကွယ်အောက်ရောက်အောင်လုပ်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတခုအဖြစ် ရှုမြင်ကြပြီး ဒီဇင်ဘာလက မွန်ထရီရယ်မြို့မှာ သဘောတူခဲ့တဲ့ “30 by 30” လို့ခေါ်တဲ့ ပစ်မှတ်တခုလို့ သိကြပါတယ်။