ထိပ်တန်းဒရမ်တီးသမား ဂျင် ဂေါ်ဒန် ကွယ်လွန်

ထိပ်တန်းဒရမ်တီးသမား ဂျင်ဂေါ်ဒန်ဟာ စိတ်ကစဉ့်ကလျားရောဂါ ခံစားရပြီးနောက် မတ် ၁၃ ရက်က အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဗီကာဗီလာရှိ ကယ်လီဖိုးနီးယား ဆေးဘက်ဆိုင်ရာ အဆောက်အအုံတခုမှာ ကွယ်လွန်သွားပါတယ်။
အသက် ၇၇ နှစ်အရွယ် ဂျင်ဂေါ်ဒန်ဟာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းတဲ့ရာဇဝင်ရှိကာ သူ့အခြေအနေအတွက် တိတ်တဆိတ် ကုသမှုခံယူခဲ့ပြီး အစောပိုင်းကာလတွေမှာတော့ ရောဂါလက္ခဏာ မပြခဲ့ဘူးလို့ ဆိုပါတယ်။
၁၉၇၀ ပြည့်နှစ်တွေမှာ မူးယစ်ဆေးဝါးနဲ့ အရက် သုံးစွဲမှုတွေကြောင့် ခေတ္တလက်ထပ်ခဲ့တဲ့ အဆိုတော် ရနေးအာမွန်နဲ့ ရည်းစားဖြစ်သူ ရီတာကိုလီဒက်ဂျ်တို့ကိုလည်း ပြင်းထန်တဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပြီး ၁၉၈၄ ခုနှစ် ဇွန်လမှာတော့ အသက် ၇၂ နှစ်အရွယ် မိခင်ကို ဓားနဲ့ထိုးသတ်ခဲ့ပြီးနောက် သူဟာ စစ်ကစဉ့်ကလျားရောဂါ တရားဝင် စစ်ဆေးတွေ့ရှိခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ ထောင်ဒဏ် ၁၆နှစ် ချမှတ်ခံခဲ့ရပါတယ်။
ဂေါ်ဒန်ဟာ Clapton ရဲ့ တီးဝိုင်း Derek and the domains ရဲ့ အဖွင့်ဝင်တဦးဖြစ်ပြီး ၁၉၇၀ ပြည့်နှစ် ထုတ် Layla ရဲ့ ပူးတွဲရေးသူတဦးလည်းဖြစ်ကာ ၁၉၇၂ ခုနှစ်မှာ Incredible Bongo Band ရဲ့ အဓိက ဒရမ်တီးသူလည်း ဖြစ်ပါတယ်။
သူ့ကို ၁၉၄၅ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖာနန်ဒို တောင်ကြားမှာ မွေးဖွားခဲ့ပြီး ကလေးဘဝတည်းက ဒရမ်တီးခဲ့သလို ၁၉၆၃ ခုနှစ် အထက်တန်းကျောင်းက ဘွဲ့ရပြီးနောက် Everly Brothers က ဗြိတိန်ဖျော်ဖြေရေးခရီးစဉ်ကို ဝင်ရောက်ဖျော်ဖြေခဲ့ပါတယ်။