close

လေပြင်းတိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်း နေအိမ်အချို့ပျက်စီး

ဓာတ်ပုံ - APM

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင် စစ်ဘေးရှောင်စခန်းမှာ  မတ် ၂၀ ရက် ညနေ ၃ နာရီကျော်က လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၅ အိမ် ပြိုပျက်ခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

“မနေ့ညက ၃ နာရီကျော်လောက်မှာ လေပြင်းတိုက်လာတာ။ လေက တော်တော်လေးပြင်းတော့ နေအိမ် ၁၅ လုံးလောက် ပျက်စီးခဲ့ရတယ်။ အိမ်တွေပြန်လုပ်ဖို့ အကူအညီတွေတော့ လိုအပ်နေပါတယ်။”

လေဘေးကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်တွေဟာ ခိုင်ခံ့မှုမရှိတဲ့ ဝါးအိမ်တွေဖြစ်တယ်လို့ စခန်းတာဝန်ခံတွေထံက သိရှိရပါတယ်။

စခန်းတာဝန်ရှိသူတဦးက “အဆောင်နေအိမ်တွေက  ဝါးနဲ့ ဆောက်လုပ်ထားတာ။ ခေါင်မိုးတွေက တာပေါ်လင်တွေ ဆိုတော့ ခိုင်ခံ့မှုမရှိဘူး။ နောက် လေတိုက်တဲ့ဘက်က နေအိမ်အများစုနဲ့ မခိုင်ခံ့တဲ့ နေအိမ်တွေ ပြိုသွားကြတာ”လို့ ပြောပါတယ်။

ဂဏန်းတောင်စစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၇၇၈ ယောက်၊ အိမ်ထောင်စု ၁၇၈ စု၊ လူနေအိမ် ၁၇၈ ဆောင်ရှိတယ်လို့ စခန်းတာဝန်ရှိသူတွေတွေဆီက သိရပါတယ်။

Up