close

ပြည်မြို့တွင် တလအတွင်း ဆွဲကြိုးချသေဆုံးမှု ၃ မှုဖြစ်

ပဲခူးတိုင်း၊ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်း၊ စည်ပင်သာယာဝင်းထဲမှာ မတ်လ ၂၃ ရက်က အမျိုးသားတယောက် ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၅၀ ကျော်အရွယ် စည်ပင်ဝန်ထမ်း  ဦးဝင်းဌေးဖြစ်ပြီး မိုးလေဝသဝင်းဘေးက ရေစက်မောင်းတဲ့နေရာမှာ နေသူဖြစ်တယ်လို့  စည်ပင်ဝန်ထမ်းတယောက်က ပြောပါတယ်။

“စည်ပင်ဝင်းထဲက အဆောက်အဦတခုမှာ သွားပြီး ဆွဲကြိုးချ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူ့မှာ သမီးနဲ့ မိန်းမ ကျန်ခဲ့ကာ ဘာအတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတာတော့ မသိရဘူး။”

မတ်လ ၁၆ ရက်ကလည်း ပြည်မြို့ ပွင့်လှသိမ်ကုန်းရပ်ကွက်မှာ အမျိုးသမီးတဦးနဲ့ မတ်လ ၂၀ ရက် နေ့လယ်ပိုင်းကလည်း အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦး ဆွဲကြိုးချသေဆုံးခဲ့ပြီး ဒီနေ့ ဖြစ်ပွားခဲ့တာကတော့ မတ်လတလတည်းမှာပဲ တတိယမြောက် ဆွဲကြိုးချသေဆုံးမှု ဖြစ်ပါတယ်။

သေဆုံးသူ ဦးဝင်းဌေးရဲ့ အလောင်းကို ဒီမနက် ၇ နာရီခွဲလောက်မှာ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတ ပါရမီက သွားရောက်ကူညီခဲ့ပြီး ‌ခေတ္တရာလူငယ်များ သာရေး/နာရေး ကူညီပံ့ပိုးမှုအသင်းမှ နိဗ္ဗာန်ယာဥ်နဲ့ ပြည်ဆေးရုံကြီး (ရင်ခွဲရုံ) ကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဒီအမှုကို ပြည်မြို့မရဲစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြည်မြို့အခြေစိုက် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

Up