အန်စလော့တီကို နည်းပြခန့်မည့်သတင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ် ပယ်ချ

ရီးရဲလ်မက်ဒရစ်နည်းပြ အန်စလော့တီကို နည်းပြချုပ် တာဝန်ပေးမယ်ဆိုတဲ့ သတင်းတွေကို ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ပယ်ချသွားပါတယ်။
ဘရာဇီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ နည်းပြတက်တေနဲ့ လမ်းခွဲခဲ့တာကြောင့် နည်းပြသစ်တစ်ဦး ခန့်အပ်ဖိုရှာဖွေနေတာပါ။
အန်စလော့တီကို နည်းပြချုပ်အဖြစ်ခန့်မယ်လို့ သတင်းတွေထွက်ပေါ်လာချိန်မှာတော့ အဲဒီ သတင်းတွေက မဟုတ်မှန်ကြောင်းနဲ့ မှန်ကန်သင့်တော်တဲ့အချိန်မှာ နည်းပြသစ်ခန့်အပ်မှုကို ထုတ်ပြန်ကြေညာမယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
နည်းပြအန်စလော့တီဘက်ကလည်း ဘရာဇီးအသင်းနဲ့ ပတ်သက်တဲ့သတင်းတွေကို ငြင်းဆန်ခဲ့ပြီး မက်ဒရစ်နဲ့ ၂၀၂၄ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေသေးကြောင်း ရှင်းလင်းပါတယ်။
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ စပိန်နည်းပြ လူးဝစ်အင်းနရစ်၊ ဂွာဒီယိုလာ၊ ဇီဒန်း၊ မော်ရင်ညို အစရှိတဲ့ နည်းပြတွေကိုလည်း ခန့်အပ်နိုင်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။